UCL ပွဲစဉ်များ ကစားပြီးနောက်မှာ ထုံးစံအတိုင်း UEL & Conference League ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားကြ၏။ UEFA က ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတွေ အားလုံးကတော့ ပုံစံတခု၊ တူညီမှုတွေ ရှိပြီးသား ဖြစ်ပါတယ်။ FIFA လို အားနေ တခုခု ထပြောင်းနေတာမျိုး အင်မတန် နည်းပါတယ်။ ဥရောပ ပြိုင်ပွဲတွေအကြောင်း ပြောရာမှာ EPL fan ဆိုတော့ EPL အသင်းတွေဖက်ကနေပဲ ပိုပြီး ပြောဖြစ်လေ့ ရှိပါတယ်။
ဒီနှစ် UCL မှာ Man City, Man United, Arsenal, Liverpool & Aston Villa စသည့် အသင်းတွေ၊ UEL မှာ Bournemouth, Sunderland & Crystal Palace တို့၊ Conference League မှာ Brighton အသင်းတို့ ပါဝင် ယှဉ်ပြိုင် ကစားနေကြပါတယ်။ ဒီတပတ်မှာ Manchester ညီနောင်ကတော့ ရှုံးပွဲတွေ တွေ့ကြုံခဲ့ရပါတယ်။ UEL မှာလည်း Crystal Palace က Lyon ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ကျန် အသင်းတွေကတော့ နိုင်ပွဲ ရယူထားနိုင်ခဲ့ကြပါတယ်။ Bournemouth က Sturm Graz ကို ၃-၀ ဖြင့် လည်းကောင်း၊ Sunderland က Torreense ကို ၁-၂ ဖြင့် လည်းကောင်း၊ Brighton က FK Kauno Zalgiris ကို ၄-၀ ဖြင့် ကိုယ်စီ အနိုင်ရထားပါတယ်။ ဒီနှစ် Brighton အနေနဲ့ တိုက်စစ်ပိုင်းမှာ တိုးတက်မှုတွေ အများကြီး ရှိလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ပွဲစဉ်တော်တော်များများကို သွင်းဂိုး အများကြီး သွင်းယူပြထားနိုင်နေတာပါ။
ဒီထဲမှာ Arsenal, Man United တို့လို အသင်းမျိုးတွေပါ ပါဝင်နေပါတယ်။ EPL မှာ Arsenal ကို ၃-၀၊ EFL Cup မှာ Man United ကို ၂-၃ တို့နဲ့ အနိုင်ရထားပါတယ်။ EPL အဖွင့်ပွဲမှာ ကတည်းက Brighton တို့က ဂိုးမိုးရွာခဲ့တာပါ။ Aston Villa ကို ၄-၀ နဲ့ ဂိုးပြတ် ချေမှုန်းပြခဲ့တာပါ။ EPL မှာ လောလောဆယ် ရဂိုးအများဆုံးအသင်းက Brighton ဖြစ်ပါတယ်။
ဒီဘက် နှစ်တွေမှာ England အသင်းတွေ အနေနဲ့ UCL မှာ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိပေမဲ့ Europa & Conference League တို့မှာ အောင်မြင်နေကြတာမျိုးကို တွေ့ရပါတယ်။ ဘောလုံး ဆိုတာ အလုံးကြီး ဆိုပေမဲ့ Brighton အနေဖြင့် လက်ရှိ ပုံစံကောင်းကိုသာ ထိန်းထားနိုင်မယ်ဆိုရင် EPL မှာ အနေအထား တခုနဲ့ Conference League မှာ အောင်မြင်မှု တစုံတရာ ရယူသွားနိုင်မှာ ဖြစ်ပါတယ်။
(photos from UEFA Europa page)