City Still Leading with 100% Winning

Words
231
Reading
2 min
1h
Listen to this post
~2 min

စနေနေ့ရဲ့ EPL ပွဲစဉ်တွေကတော့ ထင်မှတ်ထားသည့်အတိုင်း ရလဒ်တွေ ထွက်ပေါ်ခဲ့၏။ သရေပွဲ မရှိ၊ ပွဲစဉ်အားလုံး အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ အစောဆုံး ပွဲစဉ် ဖြစ်သည့် Everton vs Chelsea ပွဲစဉ်မှာ ဧည့်သည် Chelsea က ၀-၂ ဖြင့် အနိုင်ယူပြီး အဆင့် ၄ နေရာကို တက်လှမ်းသွား၏။ Chelsea ၏ သွင်းဂိုး ၂ ဂိုးလုံးကို Pedro Neto က သွင်းယူပေးသွားခဲ့၏။

Brentford vs Liverpool ပွဲစဉ်မှာလည်း ဧည့်သည် Liverpool က ၁-၂ ဖြင့် အနိုင်ရသွားခဲ့၏။ Liverpool အနိုင်ရသည် ဆိုပေမဲ့ ဦးဆောင်ဂိုးကို ပထမပိုင်း ၄၄ မိနစ်မှာ Brentford က အရင် သွင်း၏။ ဦးဆောင်ဂိုး ရပြီးမှ ၄၅+၈ မိနစ်မှာ အိမ်ရှင်အသင်း ကစားသမား တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံရ၏။ ပွဲ အလှည့်အပြောင်းက အဆိုပါ အနီကဒ်ဟု ပြောရမယ်ထင်။ ဒုတိယပိုင်း ၆၂ နှင့် ၇၀ မိနစ်တို့မှာ Liverpool က ချေပဂိုးနှင့် အနိုင်ဂိုးတို့ သွင်းယူခဲ့၏။ ၉၀+၂ မိနစ်မှာ နောက်ထပ် Brentford ကစားသမား ၂ ဝါ ၁ နီနဲ့ အထုတ်ခံရပြန်လေ၏။

ယခုနိုင်ပွဲကြောင့် Liverpool အနေနဲ့ အဆင့် ၅ နေရာကို တက်လှမ်းခဲ့ပြီး Brentford အနေဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေ၏။ ပွဲစဉ် ၆ ပြီးသည်အထိ နိုင်ပွဲ ၁ ပွဲမှ မရယူထားနိုင်သည့် Fulham အနေနဲ့ ပွဲစဉ် ၇ မှာတော့ ပထမဆုံး နိုင်ပွဲကို ရယူသွားနိုင်ခဲ့၏။ အိမ်ကွင်းမှာ Hull City ကို ၁-၀ ဖြင့် အနိုင်ရပြီး အဆင့် ၁၆ နေရာသို့ တက်လှမ်းလာနိုင်ခဲ့၏။ အနိုင် ၃ မှတ်လည်း ရသလို ပွဲချိန် ၉၀+၄ မိနစ်မှာလည်း ကစားသမား တဦး တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံရလေ၏။

ဇယားထိပ်ဆုံးက City အနေဖြင့် Ipswich ကို ၃-၂ ဆိုသည့် ကျဉ်းမြောင်းသည့် ရလဒ်နဲ့ အနိုင်ရကာ အမှတ်ပေး ဇယားကို ဆက်လက်၍ ဦးဆောင်ထား၏။ ဒီပွဲမှာ Haaland အနေနဲ့ ၂ ဂိုး သွင်းယူပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဆက်လက်၍ ဦးဆောင်ထား၏။ စနေနေ့ရဲ့ နောက်ဆုံးပွဲစဉ် ဖြစ်သည့် New Castle vs Aston Villa ပွဲစဉ်မှာတော့ Aston Villa က ၀-၁ နဲ့ အနိုင်ရသွားခဲ့လေ၏။

ဒီနေ့ ည ၇ နာရီခွဲမှာ ၃ ပွဲ၊ ည ၁၀ နာရီမှာ ၁ ပွဲ ကစားသွားဖို့ ရှိနေ၏။ Bournemouth vs Sunderland, Brighton vs Crystal Palace, Leeds vs Man United, Nottm Forest vs Arsenal တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ အင်း ... အနာပေးတာ များနေပြီ ဖြစ်တဲ့ United ဒီ တပွဲမှာတော့ ဆေးပြန်ပေးတန် ကောင်းပါရဲ့။ ဘယ်လောက် စိတ်ဒုက္ခပေးပေး အချိန်ရောက်လာတော့လည်း အားပေးပေရလိမ့်ဦးမည်။

(photos from EPL page)

City Still Leading with 100% Winning | Ecency