Man United အသင်း Atletico Madrid ကိုရှုံးတာနဲ့ UCL ပွဲတွေအကြောင်း မပြောလိုက်ရပေ။ Arsenal က Lille ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့၏။ Lille အသင်းမှာ Arsenal ကစားသမားဟောင်း Olivier Giroud လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစားခဲ့၏။ Giroud ၏ တကျော့ပြန် Emirates ခရီးစဉ်က အနိုင်မရခဲ့ပေမဲ့ နွေးထွေးစွာ ကြိုဆိုခြင်းကိုတော့ ခံခဲ့ရ၏။ Arsenal ပရိတ်သတ်တွေက ဝမ်းပန်းတသာနဲ့ ကြိုဆိုကြသလို Giroud ကလည်း သူ့ ရင်ထဲမှာ Arsenal အသင်း အမြဲ ရှိနေကြောင်း ပြသခဲ့၏။
ကမ္ဘာ့ဖလားမှာ Norway အသင်း ခြေစွာခဲ့သလို Norway ကလပ် ဖြစ်တဲ့ Viking ကလည်း ခြေစွမ်းတွေပြနေခဲ့၏။ အိမ်ကွင်းမှာ Bayern Munchen ထံကနေ သရေတမှတ် အရယူသွားခဲ့၏။ နောက်ဆုံးမိနစ် ချေပဂိုးနဲ့ ၃-၃ သရေကျသွားခဲ့၏။ အိမ်ရှင် အသင်း အနေနဲ့ ၂ ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးတွေ အရင် သွင်းယူနိုင်ခဲ့တာပါ။ Bayern Munchen ထံကနေ သရေ တမှတ် ပြန်လည်ရယူနိုင်ခဲ့တာမို့ အိမ်ရှင်အသင်းရဲ့ ကြိုးစား အားထုတ်မှုက ချီးကျူးစရာပါ။
Inter Milan ကတော့ အိမ်ကွင်းမှာ Club Brugge ကို ၃-၄ ဖြင့် ရှုံးနိမ့် သွားခဲ့ပါတယ်။ ထို့အတူ Roma ကလည်း Real Madrid ကို အိမ်ကွင်းမှာ ၃-၄ နဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ Napoli ကလည်း Villarreal ကို အဝေးကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ Como အသင်းကလည်း နောင်တော်တွေလိုပဲ Feyenoord ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ Week 2 ဟာ Italy အသင်းတွေ အခြေမလှတဲ့ တပတ်တာ ဖြစ်ခဲ့ပါတယ်။
Man United လမ်းစဉ်ကို လိုက်တာကတော့ Man City ပါပဲ။ EPL ရဲ့ ရှုံးပွဲ မရှိသေးသည့် ဘုရင်ကြီး လက်ရှိ UCL ချန်ပီယံ PSG ကို အိမ်ကွင်းမှာ ၂-၄ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ UCL မှာ PSG ကို တားဆီးနိုင်ဖို့ရာ ခက်ခဲနေဦးမှာပါပဲ။ အခြား England ကလပ်တွေကတော့ ပုံစံကောင်းတွေ ပြနိုင်ခဲ့ပါတယ်။ Liverpool က အဝေးကွင်းမှာ LASK ကို ၃-၆ နဲ့ အနိုင်ရခဲ့ပြီး Aston Villa ကတော့ အိမ်ကွင်းမှာ Fenerbache ကို ၆-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
Wifi ပြန်မကောင်းသေးလို့ ဘောလုံးပွဲတွေလည်း မကြည့်ရပါဘူး။ Highlights နဲ့ News တွေပဲ လိုက်ကြည့် လိုက်ဖတ်နေရပါတယ်။ ဒါလည်း တမျိုးကောင်းပါတယ်။ Internet ရနေရင် Man United ပွဲတွေ ကြည့်မိပြီး စိတ်ဆင်းရဲ စိတ်ညစ်နေရဦးမှာပါ။
(photos from UEFA page)