Nations League ပွဲစဉ်တွေ အကြောင်း ဆက်ပြောကြရအောင်။ လက်ရှိ ကမ္ဘာ့ချန်ပီယံ Spain ကို England တို့ အိမ်ကွင်းမှာ ၂-၃ ဖြင့် ရှုံးနိမ့်သွားခဲ့လေ၏။ ပွဲအစ ၂ မိနစ်မှာတင် Spain တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့၏။ အိမ်ရှင် England အနေဖြင့် နောက်ကနေ လိုက်ကစားခဲ့ရ၏။ ၃၆ နှင့် ၄၀ မိနစ်တို့မှာ ချေပဂိုးနှင့် ဦးဆောင်ဂိုးတို့ ပြန်လည်လို့ သွင်းယူနိုင်ခဲ့၏။ ပထမပိုင်းမှာ England က ၂-၁ ဖြင့် ဦးဆောင်ထား၏။
ဒုတိယပိုင်း ၅၄ မိနစ်မှာ ရသည့် ပင်နယ်တီကို Kane တယောက် လွဲချော်သွားခဲ့၏။ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရလေ၏။ ၆၀ မိနစ်မှာ Spain တို့ ချေပဂိုး သွင်းယူ၏။ ထို့နောက် ၇၀ မိနစ်မှာ ဦးဆောင်ဂိုး ပြန်လည်လို့ သွင်းယူ၏။ အဆိုပါ ဦးဆောင်ဂိုးကို England အနေဖြင့် ချေပနိုင်ခြင်း မရှိဘဲ ၂-၃ ဖြင့် အရှုံးပေးလိုက်ရလေတော့၏။
England အသင်းနဲ့ အုပ်စုတူ Czechia vs Croatia ပွဲစဉ်မှာတော့ ဧည့်သည် Croatia က ၁-၂ ဖြင့် အနိုင်ရသွားခဲ့လေ၏။ Croatia အတွက် Modric က ဦးဆောင်ဂိုး သွင်းယူ ပေးသွားခဲ့၏။ ၄၁ အရွယ် ဒီ ကစားသမားကြီးက အံအားသင့်စရာတွေ လုပ်ပြနေဆဲပင်။ ဒီအသက်အရွယ်အထိ အသင်းကို ဦးဆောင်ပြီး ခြေစွမ်းပြနေတာ တကယ့်ကို ချီးကျူး စရာပင်။
EPL မရှိပေမဲ့လည်း WSL ပွဲစဉ်တွေတော့ ရှိပါ၏။ Week 4 ဖြစ်၏။ Week 3 အထိနိုင်ပွဲ မရသေးသည့် United Women အနေဖြင့် West Ham Women အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်၏။ West Ham အနေဖြင့် ၁ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားသည်မို့ United ထက်စာရင် ၂ မှတ်ပိုရထား၏။ ကိုယ်တွေက ၁ ပွဲ သရေ ၂ ပွဲရှုံး ၁ မှတ် ကိုး။ ယခု ပွဲစဉ်ကိုတော့ အနိုင်ကစားဖို့ လိုပေလိမ့်မည်။
WSL မှာ ဦးဆောင်နေတဲ့အသင်းက Man City Women အသင်း ဖြစ်၏။ ၄ ပွဲကစားပြီး ၄ ပွဲလုံး နိုင်ဖြင့် ရာနှုန်းပြည့် နိုင်ပွဲ ရယူထား၏။
(photos from UEFA & WSL page)