တိမ်ပန်းချီ အလား။

ယနေ့ မိုးရွာသည်။ ယနေ့မိုးရွာသည်ဆိုတော့
မနေ့က မိုးမရွာပါ။ ကလေးများ စာသင်သလို။
မူလတန်းကလေးငယ်များ စာစီစာကုံး ရေးသလို
စ လိုက်ရပါသည်။ မိုးဆိုသည်ကလည်း
ရွာစေချင်ရင် မရွာ။ မရွာစေချင်တော့ ဝုန်းဒိုင်း
ဆိုသလို။ ကိုယ့်အရပ်မှာ တော့ ရွာချင်ရွာ၊
မရွာချင်နေပါလေ။ ရေဘေးဒဏ် ခံနေရေသော
ဒေသများဖြင့် မိုးရွာမှာကို စိုးရိမ်းကြပေမည်။

မိုးဆိုသည်က တောင်သူများအတွက် အားထားစရာ
မျှော်ကိုးစရာဖြစ်သည်။ သို့ပေသိ လိုအပ်သည့်ထက်
ပိုခဲ့ပါသော သဘာဝဘေးအဖြစ်ရောက်ရှိသည်။
မိုးကတော့ သူရွာမြဲအတိုင်း ရွာခြင်းဖြစ်ပေမည်။
ထို မိုးရေများကို ထိန်သိမ်းစုပ်ယူ ပေးသော
သစ်ပင်၊ သစ်တောများကို လောဘလူ့ရွာ နေသူ
တို့က မတန်တဆ ခုတ်ကြ၍ဖြစ်ပေသည်။

ယနေ့ မိုးရွာသည်က ဘင်္ဂလားပင်လယ်မှာ
မုန်တိုင်းရှိသဖြင့် ရွာသွန်ခြင်းဖြစ်သည်။
တလောဆီက ရာဂိမုန်တိုင်းကြောင့် ရေဘေးသင့်
သွးကြ၍ မိုးလေဝသကို လူတို့ အထူးဂရုထား
လာကြသည်။ အင်တာနက်စာမျက်နှာများမှာလည်း
မိုးဇလပညာရှင်များက အပြိုင်အဆိုင် နာရီမဆိုင်း
တင်လာကြသည်။ ရေကြီးရေလျှံခဲ့သော ဒေသ
များမှာလည်း မိုးအနည်းငယ်ရွာစေချင်ပေမည်။

အဘယ်ကြောင့်ဆိုသော် လူမှုကွန်ရက်မှာ
တွေ့ရသော ရေဝင်အရပ်များရှိ အိမ်များအတွင်း၌
ရွံ့နွံများပြည့်နေသည်။ ထို ရွံ့နွံများကို
မိုးဆက်လက်ရွာပါက ထိုမိုးရေများဖြင့်ပင်
ပြန်လည်ဆေးကြောပါမူ အဆင်ပြေကြ
ပေမည်။

မိုးရာသီ ကာလတွင် မိုးတိမ်များက အထူးသဖြင့်
ပို၍ လှပသည်။ ပတ်ဝန်ကျင်သည်လည်း မိုးရေ
တို့ပက်ဖျန်းထားသဖြင့် စိမ်းစိုသာယာနေသည်။
တနေ့က ကောင်းကင်ကို မော့ကြည့်မိရာ
တိမ်လိပ် တိမ်စိုင်ကြီးကို တွေ့မြင်ရသည်။
ထိုတိမ်စုကြီးက ဖြူဖွေးကာ အလိပ်လိုက်ကြီး
အရှေ့မြောက်မှ အနောက်သို့ တဖြည်းဖြည်ရွေ့
လာသည်။

ထိုတိမ်ထုကြီးသည် အနားသားများက ဖြူဖွေးပြီး
အတွင်းပိုင်း၌ အနည်းငယ်အမဲရောင်သန်းသည်။
အမဲရောင်သန်းသော အတွင်းပိုင်းတွင် လျှပ်စီး
များလက်ကာ မိုးခြိမ့်သံများလည်းပေးလာသည်။
ညနေ ညီအကို မသိတသိအချိန်ဖြစ်သည်။
ကောင်းကင်၌ ထိုတိမ်လိပ်ကြီးသာရှိပြီး
အခြားတိမ်များမရှိ၍ ကြည့်ရသည်မှာ
တမျိုးကြည့်ကောင်နေသည်။

ထိုတိမ်ဆိုင်ကြီးကို ကြည့်နေစဉ်
"ဝေါ၊ ဝေါ" ဟူသော မီးသတ်ကားသံများကို
ကြားရသည်။ မီးသတ်ကားများက တကားပြီး
တကား ဆူညံ့လာသည်။ တူမ က သူ့ဖေ့ဘွတ်မှာ
ကြည့်၍ ပြောသည်။ မန်းစက်မှု စက်ရုံတခုမှာ
မီးလောင်မှုဖြစ်နေသည်။ မီးက အတော်ကြီး
ပေမည်။ မန္တလေးမြို့မှာ ရှိသော မီးသတ်ကား
အားလုံး လာရောက်သလား အောင်းမေ့ရသည်။
မီးသတ်ကားသံများကို အာရုံရောက်နေစဉ်
ကျွန်တော်တို့ ဇာတ်လိုက် တိမ်ထုကြီးက
တဖြည်းဖြည်းနဲ့ အဝေးသို့ ရောက်ရှိသွားလေတော့သည်။

@htwegyi
September 24, 2024

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center