Hive Engine လေး မေ့တေ့တေ့။

Words
184
Reading
1 min
Listen
Play
2y

ယနေ့တွင် ကျွန်တော်သည် Hive Engine
ကို ဝင်ရောက်ကြည့်မိသည်။ တနေ့က ကိုယ့်ရဲ့
ပိုစ့်ကို Vote များများရရန်အတွက် ဟိုက်ဂရုမှ
မိတ်ဆွေများထံ အကြံဉာဏ်တောင်းမိသည်။
ထိုအခါ ကိုတင်အောင်စိုးမှ tin.aung.soe@tin.aung.soe
Post ကို Vote များများရရန် HIQS and
DHEDGE Token များ များများဝယ်ထားရန်
အကြံပေးပါသည်။

ထိုအခါ ကျွန်တော်သည် အဆိုပါ HIQS and
DHEDGE Token များ ဝယ်ရန် လုံ့လပြုရပါသည်။
ထို တိုကင်များဝယ်ရန် Hive Engine သို့
သွားရပါသည်။ Hive Engine သို့ဝင်ရန်
Hive Keychain မှတဆင့် သွားရသည်။
အဲ့မှာ ပြဿနာတွေ့သည်။ Hive Keychain
ကိုတနေ့ကမှ ဖုန်းစတိုးမလုံလောက်၍ ဖျက်ထား
မိလိုက်သည်။

ထို Hive Keychain ဆိုသည်ကလည်း
အသုံးမပြုတာ အတော်ကြာတော့ မေ့တေ့တေဖြစ်သည်။
ကိုယ့်ကသာ ဟိုက်မှာ ပိုစ့် တွေတင်
နေသည်။ Hive Engine မှာရှိသော
တိုကင်များကို ပစ်ထားသည်မှာ အတော်ကြာ
ပြီဖြစ်သည်။ ယခု ပိုစ့်ကို ဗုတ်များများ ရရန်
အတွက် ထို Hive Engine သို့ ခြေဦးလှည့်ရခြင်း
ဖြစ်သည်။

ပလေးစတိုးမှ Hive Keychain ကို ပြန်လည်
ဒေါင်းယူသည်။ တော်သေး ကိုရွှေဖုန်းစတိုးက
Download ခြင်းကို လက်ခံ၍ အခက်အခဲတခုကို
ကျော်နိုင်သွားသည်။

Hive Keychain ရပြီ
ဆိုတော့ ထို Hive Engine ကို မိမိ၏
Hive များမည်သို့လွှဲရမည်ကို မသိတော့ပြန်။
မိမိဝေါလက်မှ ထရန်စဖာ လုပ်ရမည်လား။
ထိုသို့ ထရန်စဖာ လုပ်ပါက မည်သည့်ဟာ
ရေးသွင်းရမည်ကို မမှတ်မိ၊ မသိတော့ပေ။
ထိုအတူ Hive နှင့် ဆက်စပ်သော အခြားတိုကင်
များကိုလည်း အချိန်ကြာကြာပစ်ထား၍ မေ့
နေပါသည်။

တလောက ကိုဒွန် လားမသိပေ။ XTM
တိုကင်များ ဈေးတက်နေသည်ဟု ပြောသည်။
ထိုတိုကင်ကို မိမိပြုလုပ်ထားသလား
မမှတ်မိပါ။ XTM ဆိုသည်က ကိုဟင် ပြော၍
ပြုလုပ်ထားသည့် Torum မှ တိုကင်
ဖြစ်ကြောင်း သတိရသည်။

ထိုကြောင့် Hive Engine မှ တိုကင်များကိုလည်း
မေ့နေပေတော့သည်။ Hive Engine ကို
စတင်အသုံးပြုစဉ်ကလည်း သေချာစွာ
အသုံးမပြုတတ်သည်ကလည်း ပါပေသည်။
ယခု HIQS and DHEDGE Token များ
ဝယ်ရန် Hive ကို Hive Engine သို့လွှဲရန်
ဆရာသမားများ မန့်ပေးကြပါအုံးဗျာ။

htwegyi@htwegyi
June 5, 2024

Hive Engine လေး မေ့တေ့တေ့။ | Ecency