အဘယ်ကြောင့်ဆိုတော့။

Words
163
Reading
1 min
Listen
Play
2y

လူ့စိတ်ဆိုသည်က အဆန်းသား ဆိုသည်မှာ
အင်မတန် မှန်သည်။ အရမ်း မှန်သည်ဟု
မရေးမိအောင် သတိထားရပေမည်။ အရမ်း
ဆိုသည့်စကားကို မသုံးရန် အမေ လူထုဒေါ်အမာ
က ပြောထားသည်ကို ညီပုလေး၏ စာမှာ ဖတ်ရသည်။
စာရေးသားရာမှာ ရေးသင့် မရေးသင့်
စကားလုံးများရှိပေမည်။ ဒါသည်ပင် ကျွန်တော်သိ
ရသော တခုတည်းသော အရာလေးမျှသာ
ဖြစ်သည်။

အခြား မည့်သည့်အရာများ များစွာရှိသေး
သည်ကို မသိရပေ။ သိရှိအောင် စာများများ
ဖတ်ရပေမည်။ ကိုယ်တွေက Hive မှာ ပိုစ့်တင်ဖို့
အရေးသာ တွေး၍ စာဖြစ်ပြီးရော ရေးသား
ခဲ့သည်။ ယခုလည်း ရေးသားနေဆဲဖြစ်သည်။
စာဖတ်ဖို့ကိုလည်း ဖုန်းကြည့်ချိန်လောက်ပင်
အချိန်မပေးပေ။

စိတ်နှင့်ပတ်သက်၍ မြတ်စွာဘုရားရှင်ကိုယ်တော်
သည်ပင် တရားများစွာ ဟောကြားခဲ့ပေမည်။
ပညာရှင်များ၊ တွေးခေါ်သမားများလည်း ပြောကြား
ရေးသားခဲ့ကြပေမည်။ စိတ်သည် အရာရာကို
ဦးဆောင်နိုင်သည်။ ကောင်းမှု၊ မကောင်းမှု
မှန်သမျှကို ပြုလုပ်နိုင်သည်ဟု ဆိုပါမူ
ကျွန်တော့်အတွက် မကောင်းမှုကို ပို၍
စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့် စိတ်ပါလေ။

ဒါကလည်း ဒီလိုရှိတယ်ဗျ။ စိတ်သည်
မကောင်းမှု၌ ပျော်မွေ့၏ တဲ့။ ဟုတ်မှ ဟုတ်
ဟုတ် ဟု ဖြေရပေမည်။ ယခုပင် စာရေးဖို့
အချိန်ဆွဲနေသည်။ စာရေးပိုစ်တ့င်ပါလျှင်
ကိုယ့်အတွက် ငွေရမည်။ ငွေရမည်ဆို၍
Crypto အကြောင်း၊ Hive အကြောင်း
မသိသူများက အထင်ကြီးကြပေမည်။
တပိုစ့်ရေးမှ ပြားသုံးဆယ်ပင် ရဖို့ အတော်
ကံကောင်းသည်။

ပြားသုံးဆယ်ဆိုတော့ မြန်မာငွေနှင့် တွက်ကြည့်
ပါလျှင် မည်မျှရမည်နည်း။ တစ်ထောင်ကျော်
လောက်တော့ရပေမည်။ လက်ဘက်ရည်တခွက်
ထောင့်ငါးရာ ဆိုတော့ လက်ဘက်ရည်ဖိုးပင်
မရ။ ဒီတော့ ကျုပ်စာရေးဖို့ ပျင်းတာ မထူးဆန်း
တော့ပါ။ အဲ Hive ဈေးတက်၍ ပိုစ်တခုတင်လျှင်
သုံးလေးငါးထောင်ရပါမူ စာရေးပိုစ့်တင်ဖို့ ပျင်းလိမ့်
မည်မထင်။

သို့ပေသိ စိတ်သည်က လောဘလည်း ကြီးပေသည်။
သုံးလေးငါးထောင် ရတာကြာလာပါလျှင် နည်းသည်ဟု
ထင်လာသည်။ နောက်တခါ တပိုစ့်ကို
သုံးလေးငါးသောင်းခန့် လိုချင် ရချင်လာမည်။
ထိုမှ ပို၍ သုံးလေးငါးသိန်း လိုချင်လာပါမူ
ကျွန်တော် အရမ်း အဲ အလွန် များသွားလေ
မလာပေါ့နော်။ မလွန်‌ လောက်ဖူးလို့
ထင်ပါတယ်။ အဘယ်ကြောင့်ဆိုတော့ ယခုကုန်ဈေးနှုန်းဖြင့်
ဆိုပါရင် ကျွန်တော့်အလွန်
လုံးဝ မဟုတ်ပါဘူလေ။

htwegyi@htwegyi
November 28, 2024

အဘယ်ကြောင့်ဆိုတော့။ | Ecency