Carabao Cup Round 3

Words
225
Reading
1 min
Listen
Play
4h

ကြားရက်ထဲမှာ Carabao Cup Round 3 ပွဲစဉ်များ ကစားသွားခဲ့၏။ ဒီနေ့ မနက် ၁ နာရီ ၁၅ မိနစ်နှင့် ၁ နာရီခွဲမှာ ပွဲစဉ် အချို့ ကစားခဲ့ပြီး နက်ဖြန်မှာလည်း ကစားသွားဖို့ ရှိနေ၏။ ဒီအဆင့်မှာ EPL က အသင်းတွေလည်း ပါဝင်လာခဲ့ပြီ ဖြစ်၏။ မနှစ်က တန်းဆင်းသွားတဲ့ West Ham နဲ့ EPL မှာ နိုင်ပွဲ မရသေးတဲ့ Fulham တို့ တွေ့ဆုံတဲ့ ပွဲမှာ Fulham က ၂-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ West Ham အနေဖြင့် Carabao Cup ကနေ စောစီးစွာ ထွက်ခွာ ခဲ့ရပေမဲ့ Championship မှာတော့ အခြေအနေ ကောင်းနေပါတယ်။ ၇ ပွဲ ကစားပြီး ၄ ပွဲနိုင် ၂ ပွဲ သရေ ၁ ပွဲရှုံး ၁၄ မှတ်နဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားပါတယ်။

Ipswich vs Arsenal ပွဲစဉ်မှာတော့ Arsenal က ၂-၄ ဖြင့် အနိုင်ရသွားပါတယ်။ နည်းပြ Arteta အနေနဲ့ လူငယ်ကစားသမားတွေကို ပွဲထုတ်လာခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အစွမ်းပြသွားတဲ့ လူငယ် ကစားသမားလေးကတော့ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ Max Dowman ဖြစ်ပါတယ်။ တဦးထဲ ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ လူငယ် ကစားသမားတွေကို ထည့်သွင်း အသင်းပြုတာကြောင့် တချိန်က Sir Alex, Arsene Wenger တို့ကိုပါ သွားသတိရမိပါတယ်။

သူတို့ လက်ထက်တုန်းက Carabao (EFL) Cup ပွဲဆို လူငယ် ကစားသမားတွေ အများစုနဲ့သာ ပွဲထွက် ကစားလေ့ ရှိပါတယ်။ တမင်ကို လူငယ်တွေကို ကစားစေတဲ့ သဘောပါ။ လူငယ်တွေ အတွက် ပွဲအတွေ့အကြုံ ရစေ၊ ဖြစ်စေချင်လို့ကို ကစားခိုင်းတာပါ။ FA Cup ပွဲစဉ်မှသာ အသင်းကြီး အဓိက လူစာရင်းတွေနဲ့ ကစားတာပါ။ Arteta က ဒီ အစဉ်အလာကို ပြန် အသက်သွင်းတဲ့ သဘောပါ။

Liverpool vs Tottenham ပွဲစဉ်မှာတော့ Liverpool က ၃-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ Tottenham အနေနဲ့ EFL cup Round 2 မှာ Charlton ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲက လွဲလို့ ကျန်ပွဲစဉ်တွေမှာ နိုင်ပွဲ မရသေးပါဘူး။ EPL မှာ ၄ ပွဲ ကစားပြီး ၂ ပွဲ သရေ၊ ၂ ပွဲရှူံး ရလဒ်ထွက်ပေါ်ထားပါတယ်။ EPL မှာ နိုင်ပွဲ မရသေးသည့် အပြင် သွင်းဂိုး တဂိုးမှ မရသေးတာကလည်း အတော်ဆိုးလှပါတယ်။

နက်ဖြန်မှာတော့ ကျနော်တို့ Man United အနေဖြင့် ခြေစွာနေတဲ့ Brighton နဲ့ ကစားသွားဖို့ ရှိနေပါတယ်။ ၁၁ ယောက် ၁၀ ယောက် Manchester Derby မှာ နိုင်ပွဲ မရှာနိုင်ခဲ့တဲ့ United အဖို့ ယခု ပွဲစဉ် ကလည်း ခက်ခဲနေဦးမှာပါ။

(photos from Carabao Cup page)

Carabao Cup Round 3 | Ecency