The Finalist :: Spain

Words
183
Reading
1 min
Listen
Play
2M

ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသွားသည့် France vs Spain ပွဲစဉ်မှာ Spain က ၀-၂ ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်လှမ်း သွားခဲ့လေ၏။ အတော်လေး ကြည့်ကောင်းသည့်ပွဲဟု ဆိုရမည်။ သားသားလမင်း Lamine Yamal ၏ ပွဲဟုတောင် ဆိုရပေလိမ့်မည်။ သူ၏ အကွက်မြင် တိုးဝင်မှုကြောင့် ၂၂ မိနစ်မှာတင် Spain တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး Oyarzabal က အမှားအယွင်းမရှိ ကန်သွင်း ယူသွားခဲ့လေ၏။

ပထမပိုင်းကို ၀-၁ ဖြင့် Spain တို့ ဦးဆောင်ထားခဲ့၏။ ဒုတိယပိုင်း ၅၈ မိနစ်မှာ Pedro Porro က ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူလေ၏။ ပွဲက ပြီးသလောက် ရှိသွားခဲ့လေပြီ။ ၂ ဂိုးသွင်းခံရချိန် ပြန်လာနိုင်တာဆိုလို့ Argentina သာ ရှိမည်။ ပြီး Spain က Egypt မှ မဟုတ်နေဘဲ။ France တို့ ထိုးဖောက် တိုက်စစ်ဆင်ပေမဲ့ ဂိုးရနိုင်မယ့် အခွင့်အရေးနဲ့တော့ လွဲချော်လို့ နေခဲ့၏။

ဒီပွဲက ဘောလုံး ပိုင်ဆိုင်မှု အတော်လေးမျှသည့်ပွဲဟု ဆိုရပေလိမ့်မည်။ ၄၉%-၅၀% ဆိုတော့ ၅၀-၅၀ ဟု ပြောလို့ရ၏။ ဂိုးပေါက် ကန်သွင်းမှုမှာလည်း ၁၀ ကြိမ်စီဖြင့် အတူတူပင် ဖြစ်နေပြန်သေး၏။ ဂိုးပေါက်တည့်မှုမှာတော့ ၃-၂ ဆိုတော့ France က ၁ ကြိမ် ပိုသည်ဟုတောင် ပြောလို့ရပေလိမ့်မည်။ France တိုက်စစ်ကို Spain တို့ အကောင်းဆုံး ထိန်းချုပ် ကစားပြသွားခဲ့၏။

Spain အနေဖြင့် England vs Argentina ပွဲစဉ်မှ အနိုင်ရသည့် အသင်းနှင့် ဗိုလ်လုပွဲမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ England vs Argentina တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဗိုလ်လုပွဲသို့ Spain တို့ တကျော့ပြန် တက်လှမ်း လာနိုင်ခဲ့ခြင်းလည်း ဖြစ်၏။

နက်ဖြန် ပွဲစဉ်မှာ ဘယ်အသင်းနိုင်မလဲက ပြောရခက်နေပြန်၏။ ဒီနေ့ ပွဲစဉ်မှာ France ဟု ထင်မှတ်ထားခဲ့ပေမဲ့ လွဲချော်သွားခဲ့ရ၏။ Spain အတွက် ဂုဏ်ယူရသလို France အတွက်လည်း စိတ်မကောင်းပေ။ France သာ နိုင်ခဲ့မယ်ဆိုရင် ၂၀၁၈၊ ၂၀၂၂၊ ၂၀၂၆ သုံးနှစ်ဆက်တိုက် ဗိုလ်ပွဲ တက်ရောက်နိုင်သည့် စံချိန်ကို ရရှိသွားမှာ ဖြစ်၏။ ခုတော့ ...

(photos from FIFA World Cup page)

The Finalist :: Spain | Ecency