Manchester Derby

Words
182
Reading
1 min
Listen
Play
20h

Super Sunday ပွဲစဉ်တွေက‌တော့ အနီကဒ်တွေ ပလူပျံနေတယ်လို့ ပြောရမယ် ထင်ပါရဲ့။ ပွဲစဉ် ၃ ပွဲလုံး အနီကဒ်တွေ ပြသခံခဲ့ရပါတယ်။ Sunderland vs Arsenal ပွဲမှာ အိမ်ရှင် Sunderland အသင်း၊ Coventry vs Brighton ပွဲမှာ အိမ်ရှင် Coventry အသင်း၊ Man United vs Man City ပွဲစဉ်မှာ ဧည့်သည် City အသင်းတို့ ဖြစ်ပါတယ်။

Sunderland vs Arsenal ပွဲစဉ်ကတော့ Sunday မနက် အ‌စောပိုင်းမှာ ကစားသွားခဲ့တာပါ။ Coventry vs Brighton ပွဲစဉ်မှာ ဧည့်သည် အသင်းက ၀-၅ ဖြင့် အနိုင်ရသွားခဲ့တာပါ။ ၅၃ မိနစ်မှာ အိမ်ရှင်အသင်း အနီကဒ် ထိပြီး တယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ၀-၂ နဲ့ ရှုံးနေချိန် တယောက်ပါ ထပ်လျော့တော့ Coventry ပြန်လာနိုင်ဖို့က ခဲယဉ်း သွားခဲ့ပါတယ်။

Super Sunday ရဲ့ Manchester Derby ပွဲစဉ်ကတော့ ကြည့်ကောင်းတယ်ပဲ ပြောရမလား မကောင်းဘူးပဲ ပြောရမလား မသိတော့ပါဘူး။ City ကစားသမား Foden ၂၃ မိနစ် မှာကတည်းက ထုတ်ပယ်ခံခဲ့ရပါတယ်။ United အသာ ရပြီပေါ့။ ပထမပိုင်းမှာတော့ ဟုတ်ပါတယ်။ အသာစီးရပြီး ဖိကစားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့် ဂိုးပေါက် ချိန်းခြောက်ခွင့် အမြှောက်အများ ရခဲ့ပေမဲ့ ဂိုး အဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

Rashford, Mainoo တို့ရဲ့ ကန်သွင်းချက်တွေ တိုင်ထိ ထွက်ခဲ့တာကလည်း United အတွက် နစ်နာစရာပါ။ Sir Alex လက်ထက် ကတည်းက United အသင်း‌ တိုင်ထိပြီဆို အနိုင်မရတတ်တာ အစဉ်အလာကို ဖြစ်နေခဲ့ပါပြီ။ တယောက်လျော့သွားပြီးနောက်မှာ City တို့ ခံစစ်ကိုသာ အားပြုပြီး တန်ပြန် တိုက်စစ်နဲ့ ကစားခဲ့ပါတယ်။ ထိရောက် ခဲ့ပါတယ်။

United ရဲ့ လျော့ရဲတဲ့ ကစားကွက်ကြောင့် ၆၀ မိနစ်မှာ Haaland က City အတွက် ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။ ဒီဦးဆောင်ဂိုးကပဲ အနိုင်ဂိုးလည်း ဖြစ်သွားခဲ့ပါတယ်။ တယောက်အသာ United တို့ ချေပဂိုး ပြန်ရဖို့ နီးစပ်တယ်ဆိုတာမျိုးတောင် သိပ်မတွေ့လိုက်ရပါဘူး။ City နောက်တန်းကို တကယ်ချီးကျူးရမှာပါ။ အသင်း ကျဉ်းထဲ ကြပ်ထဲ ရောက်နေချိန် Michael Carrick ရဲ့ လူစားလဲလှယ်မှုတွေကလည်း မေးခွန်းထုတ်ဖို့ ကောင်းနေခဲ့ပါတယ်။ ၄ ပွဲ ကစားပြီး ၂ ပွဲ ရှုံးထားပြီ ဖြစ်တဲ့ United တို့ ဒီအတိုင်းဆို တကယ် မလွယ်ပါဘူး။

(photos from EPL page)

Manchester Derby | Ecency