What A Come Back

Words
174
Reading
1 min
Listen
Play
6h

လိဂ်ပွဲစဉ်တွေ မရှိသေးပေမဲ့ နိုင်ငံပွဲစဉ်တွေက မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှပေ၏။ အကြိတ်အနယ်တွေကို ယှဉ်ပြိုင်ကစားကြ၏။ နိုင်ငံပွဲစဉ်တွေလို ကြည့်ကောင်းသည့် ပွဲစဉ်တွေကတော့ WSL ပွဲစဉ်များ ဖြစ်လေ၏။ စနေနေ့က Man United women vs Liverpool women ပွဲစဉ်မှာတော့ Man United က ၆ မိနစ်မှာ သွင်းယူခဲ့သည့် Olme ၏ ၁ လုံးထဲသော သွင်းဂိုးဖြင့် အနိုင်ရသွားခဲ့လေ၏။ United အနေဖြင့် WSL ၂ ပွဲဆက် နိုင်ပွဲ ရရှိသွားခဲ့ခြင်းလည်း ဖြစ်၏။

နိုင်ပွဲတွေ ရရှိထားပေမဲ့ ခြေစွမ်းအားဖြင့် ‌ထူးခြား ကောင်းမွန်နေတာမျိုးတော့ မရှိသေးပေ။ နည်းပြသစ် လက်ထက်မှာ ပုံစံကောင်းရဖို့ အချိန်တော့ ယူရမယ်မလား။ တိုးတက်မှု အရိပ်အယောင်လေးတွေ မြင်နေရတာကိုပဲ ဟုတ်နေပါပြီ။ ယခု နိုင်ပွဲကြောင့် United women အနေဖြင့် အဆင့် ၇ နေရာထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်၏။

မနေ့က Man City women vs Arsenal women အသင်း ပွဲစဉ်က အတော်လေး ကြည့်ကောင်းခဲ့၏။ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိလှ၏။ Arsenal ၏ ၂ ကြိမ် တိုင်တိုင် ဦးဆောင်မှုကို City အနေဖြင့် နောက်ကနေ ‌လိုက်လံကစားကာ ချေဖျက်ပြခဲ့လေ၏။ သရေကျမယ် ထင်မှတ်ခဲ့ပေမဲ့ အနိုင်ဂိုးတွေကို အိမ်ရှင် City က ထပ်မံသွင်းယူပြီး အစောပိုင်း Arsenal လက်ထဲ ရောက်နေသည့် အနိုင် ၃ မှတ်ကို ပြန်လည်လို့ ရယူသွားခဲ့လေ၏။

Arsenal အနေဖြင့် အမှတ်ကွာဟမှု လျော့ချနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ City က ပိုမို၍ ကောင်းမွန်အောင် ကစားနိုင်ခဲ့လေ၏။ ပွဲ မပြီးသရွေ့ ငါတို့ မရှုံးဆိုသည့် စိတ်မျိုးနဲ့ ကစားသွားခဲ့လေ၏။ ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်လို့တောင် ဆိုလို့ရမယ် ထင်ပါ၏။ ယခု နိုင်ပွဲကြောင့် City အနေဖြင့် ရာနှုန်းပြည့် နိုင်ပွဲရယူကာ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ထားခဲ့လေ၏။

City ခြေချော်ရင် Chelsea women အနေဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရမှာ ဖြစ်၏။ သို့ပေမဲ့ City women က အနိုင်ရသွားတော့ Chelsea တို့ အဆင့် ၂ နေရာမှာပဲ ဆက်လက် ရပ်တည်နေ၏။ အဆင့် ၃ နေရာကိုတော့ London City Lionesses အသင်းက ရယူထား၏။

(photos from WSL page & screenshot)