ဒါဘီ မဆန်တော့ပါ

Words
185
Reading
1 min
Listen
Play
3h

ကိုယ်တွေက EPL နဲ့ပဲ လက်ပွန်းတီးတီး ဖြတ်သန်းခဲ့ရသူမို့ Derby ချင်း တူရင်တောင် အခြား နိုင်ငံက Derby ပွဲစဉ်တွေထက် England Derby ပွဲစဉ်တွေကို ပိုမို အလေးထား စောင့်ကြည့် အားပေး ဖြစ်တာကတော့ အမှန်ပါပဲ။ Derby ချင်းတူရင်တောင်မှ Manchester Derby ကို ပိုပြီး စိတ်ဝင်တစားနဲ့ အားပေး ကြည့်ရှု ဖြစ်ပါတယ်။ Derby ဆိုလို့ Manchester Derby ကလည်း ယခင်လောက် ကြည့်မကောင်းတော့ပါဘူး။ နှောင်းလူတို့ အတွက် မသိပေမဲ့ Sir Alex ခေတ်ကို သိမှီ ခဲ့သူတွေအဖို့ လက်ရှိ Derby ပွဲစဉ်တွေက ပေါ့နေတာ အမှန်ပါ။

၁၁ ‌ယောက်၊ ၁၁ ယောက် ကစားရတဲ့ ပွဲစဉ်မှာ ၁ ယောက် လျော့သွားရုံနဲ့ ၁ ယောက် သာနေတဲ့ အသင်းက နိုင်ပြီလို့ ပြောလို့ မရနိုင်ပါဘူး။ ဘာမဆို ဖြစ်သွားနိုင်တဲ့ ဘောလုံး ပြိုင်ပွဲတွေဟာ ပွဲပြီးမှ တကယ် ပြီးတာပါ။ ဂိုး သွင်းတဲ့အသင်းက နိုင်ပြီး မသွင်းနိုင်တဲ့ အသင်းကတော့ အရှုံးပါပဲ။ တဖက်သတ် ဘယ်လိုပင် ဖိအားပေး ကစား ကစား ဂိုးမသွင်းနိုင်ရင် အနိုင်ရမှာ မဟုတ်ပါဘူး။ တခါတလေ ဂိုးသွင်းပေမဲ့ လုံလောက်အောင် မသွင်းယူနိုင်လို့ အရှုံးပေး လှည့်ပြန်ခဲ့ရတာတွေလည်း ရှိတာပါပဲ။

Manchester Derby တွေထဲ ရုပ်အပေါက်ဆုံး Derby ကတော့ ပြီးခဲ့သော တနင်္ဂနွေနေု့က ယှဉ်ပြိုင် ကစားသွားတဲ့ United vs City ပွဲစဉ်ကိုပဲ လက်ညှိုးထိုးပြရမယ် ထင်ပါရဲ့။ ပထမပိုင်း ၂၃ မိနစ်မှာ ကတည်းက Foden အထုတ်ခံလိုက်ရတယ်။ ၁ ယောက်လျော့ City အနေနဲ့ ခံစစ်ကိုသာ အားပြု ကစားပြီး တန်ပြန် တိုက်စစ်နဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

City ရဲ့ ကစားကွက် အလုပ်ဖြစ်တယ် ဆိုရမှာပါ။ United တို့ City ခံစစ်ကို မကျော်လွန်နိုင်ခဲ့ပါ။ United တို့ တဖက်သတ် ဖိအားပေး ကစားနေရင်းက တန်ပြန် တိုက်စစ်ကနေ City တို့ ဂိုး စတင်ရသွားခဲ့တာပါ။ Haaland က အဖေ့ အကြွေး သားဆပ်မယ်ဆိုတဲ့ သဘောနဲ့များ United ကို ဂိုး သွင်းယူခဲ့လေ သလားပေါ့။

United fan ကိုယ့်အတွက် ပိုကောင်း ပိုသေချာ ပိုမို တက်ကြွတဲ့ ကစားဟန် ကစားကွက် လိုနေတာ အမှန်ပါပဲ။ လက်ရှိ ခြေစွမ်း ကစားဟန်နဲ့ကတော့ ယခင်လို EPL မှာ ကျားကြီး ဖြစ်ဖို့ရာ အချိန်တော့ ပေးရပေလိမ့်ဦးမည်။

(photos from EPL page)

ဒါဘီ မဆန်တော့ပါ | Ecency