City Got 3 Points

Words
212
Reading
1 min
Listen
Play
23d

Sunday မှာ EPL Week 1 ၏ ပွဲစဉ် ၃ ပွဲ ထပ်မံ ကစား၏။ နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ Fulham vs Chelsea အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ ၃ ပွဲမှာ သရေ ၁ ပွဲနှင့် အရှုံးအနိုင် အဖြေ ထွက်ပေါ်ခဲ့တာ ၂ ပွဲ ပါဝင်၏။ Brighton vs Aston Villa ပွဲစဉ်မှာ Brighton အသင်းက ၄-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပထမပိုင်းမှာ ကတည်းက အိမ်ရှင်အသင်း အနေဖြင့် ၄ ဂိုးလုံး ရယူသွားနိုင်ခဲ့ခြင်း ဖြစ်၏။

ပထမပိုင်း မိနစ် ၄၀ မှာ Aston Villa အသင်းမှ ကစားသမားတယောက် ၂ ဝါ ၁ နီနဲ့ ထုတ်ခံရပြီးနောက်မှာတော့ ပွဲက ပြီးသလောက် ရှိသွားခဲ့လေပြီ။ ၄ ဂိုး ပြတ်နေပါတယ်ဆို တယောက်လျော့သွားမှဝောာ့ မည်သို့ comeback နိုင်ပါတော့မည်နည်း။ ဒုတိယပိုင်းမှာတော့ Brighton အနေဖြင့် ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိတော့ပေ။ ပထမပိုင်းမှာ သွင်းထားသည့် ဂိုး အရေအတွက်ကလည်း အနိုင်ရဖို့ လုံလောက်နေခဲ့ပြီ မလား။

Man City vs Bournemouth ပွဲစဉ်မှာတော့ City တို့ နောင်တော်ကြီး United လမ်းစဉ် လိုက်ရတော့မယ် ထင်မှတ်ခဲ့ရ၏။ ၂၆ မိနစ်မှာ ဧည့်သည်အသင်းက ဦးဆောင်ဂိုး သွင်းယူထားခဲ့ပြီး အဆိုပါ သွင်းဂိုးကို City တို့ ချေပ နိုင်ခြင်း မရှိခဲ့တာ မိနစ် ၈၀ ထိပင်။ ၈၄ မိနစ် ရောက်မှသာ ချေပဂိုး ပြန်လည်လို့ သွင်းယူနိုင်ခဲ့၏။ သရေနဲ့ ပွဲပြီးပြီ ထင်မှတ်ထားခဲ့ပေမဲ့ ၉၀+၁ မိနစ်မှာ City တို့ အနိုင်ဂိုး ရသွားခဲ့လေ၏။ ၂-၁ နဲ့ အနိုင်ယူပြီး Manchester ချင်း မတူကြောင်း ပြသွားခဲ့၏။

New Castle vs Liverpool အသင်းတို့၏ ပွဲစဉ်မှာ အိမ်ရှင်အသင်း အနေဖြင့် ပွဲစပြီး ၅ မိနစ်မှာတင် ဦးဆောင်ဂိုး ရသွားခဲ့လေ၏။ ၅၅ မိနစ်မှာ Liverpool က ချေပဂိုး သွင်းယူ၏။ ၅၇ မိနစ်မှာ အိမ်ရှင် New Castle က ဦးဆောင်ဂိုး ပြန်လည် သွင်းယူ၏။ ၂-၁ ဖြင့် ပွဲပြီးပြီ ထင်မှတ်ခဲ့ပေမဲ့ ၉၀+၉ မိနစ် အရောက်မှာ Liverpool တို့ ပင်နယ်တီမှ တဆင့် ချေပဂိုး ပြန်လည်လို့ ရယူသွားနိုင်ခဲ့၏။

Week 1 မှာ အသင်းကြီးတွေ အတော်လေး ရုန်းကန်ခဲ့ရတာကို တွေ့ရ၏။ Arsenal က လွဲလို့ပေါ့။ နက်ဖြန် ကစားမယ့် Chelsea အသင်းလည်း မည်သို့ လာဦးမည် မသိပေ။ Fulham ကပဲ သူတို့ကို ဒုက္ခပေးမလား ဒါမှ မဟုတ် Chelsea ကပဲ အကောင်းဆုံး ကျော်ဖြတ် ပြမလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပေလိမ့်မည်။

(photos from EPL page)