Boost+

Ecency version အသစ်မှာ အရင်လို boost ဆိုပြီး မပါလာတော့ပေ။ အဲ့အစား boost+ ဆိုပြီး ဖြစ်သွား၏။ ယခင် version တုန်းက မိမိ boost လုပ်လိုသည့် post ကို ရွေးပြီး points ဘယ်လောက်သုံးပြီး boost မယ်။ သူ့ လက်ကျန် voting power နဲ့ ချိန်ပြီး လာ vote ပေးရင်လည်း ပေး၏။ vote မပေးရင်လည်း မိမိ boost လုပ်ထားသည့် points တွေကို ပြန်ပို့ ပေးလေ့ ရှိ၏။

တရက် တပိုစ့် boost လုပ်လို့ရ၏။ တကယ်တမ်းကတော့ နှစ်ပိုစ့် ရ၏။ မိမိ ပိုစ့် တခုနှင့် တခြားသူရဲ့ ပိုစ့် တခု ဆိုပြီးပေါ့။ points 150 ကနေ စပြီး boost လုပ်နိုင်၏။ Ecency team က1$ ပတ်ခြာလည်လောက် vote လာပေး၏။ points တိုးရင် တိုးသွားသလို voting value လည်း များသွား၏။

ဒီပုံစံလေးနှင့် အသားကျနေပြီးခါမှ Ecency version အသစ်မှာ ပုံစံ ပြောင်းသွားခဲ့၏။ boost အစား boost+ ဖြစ်သွား၏။ ထို့ပြင် ယခင် version အဟောင်းမှာလို့ မိမိပိုစ့်၏ setting မှာ boost မပါလာတော့ပေ။ App ဝင်ဝင်ချင်း page မိမိ၏ အကောင့်နာမည်နှင့် (အကောင့်နာမည်က ဘယ်ဘက်ထောင့်) တတန်းထဲ ညာဘက်ထောင့်မှာ မီးတောက် ပုံလေးနှင့် boost+ ကို သီးသန့် ထုတ်ထား လိုက်၏။

ယခင်လို points 150 ကနေ စပြီး boost လို့ မရတော့ပေ။ points 1500 ကနေ စပြီး boost လို့ရ၏။ vote လာ ပေး မပေးကတော့ မသိပေ။ ပြီးခဲ့သော တပတ်က boost+ လုပ်ခဲ့တာကတော့ vote မလာပေ။ သို့ပေမယ့် ecency team က hive power 200 တပတ်တိတိ delegate လုပ်ပေး၏။ ခုလည်း ဒုတိယ အကြိမ်မြောက် အဖြစ် boost+ ထပ် လုပ်ထား၏။ 7 ရက်စာ၊ ရက် 30 စာ၊ ရက် 90 စာ အစရှိသဖြင့် boost+ လုပ်နိုင်၏။

ဆိုတော့ အဟောင်းနှင့် အသစ် ဘယ်ဟာ ပိုကောင်းလဲ ‌ဆိုတာထက် ဘယ်ဟာ ပိုကြိုက်လဲ ပြောရမယ်ထင်။ ကျနော့် တယောက်ထဲ အမြင်ကတော့ နှစ်ခုလုံး သဘောကျပါ၏။ အဟောင်းက မိမိ တယောက်ထဲ အတွက် ပိုအကျိုးရှိပြီး အသစ်ကတော့ မိမိအပြင် အခြားသူတွေ အတွက်ပါ ပိုကောင်းသည်ဟု ထင်မိ၏။ Hive power 200 ကို 7 ရက် အငှားရထားတော့ ထို 7 ရက် အတွင်း မိမိ vote ပေးဖြစ်သည့် ပိုစ့် တွေ အတွက်လည်း ယခင်ထက် voting value ပိုရတာပေါ့။

ကျနော်တို့နှင့် အတူရှိနေပြီး update တွေ၊ feature အသစ်တွေ ထပ်ဖြည့် ပေးလို့လည်း Ecency team ကို ကျေးဇူးတင်ရပါ၏။

"Keep Walking Ecency"

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency