ရထား ဥဩသံလေးများကြားရင်

Words
142
Reading
1 min
Listen
Play
5y

img_0.7621092795142147.jpg

အင်း cryptocurrency မှာ coin များ
token များက ရဲရဲတောက် တို့ဗမာတွေ
ဖြစ်နေပေသည်။ ရဲသည်ဆိုသည်မှာ
နီသည်ဟုဖြစ်သည်။ အရဲ နှင့် အနီ အတူတူ
ပင်ဖြစ်ပေသည်။ နီရဲနေသောကြောင့်
Crypto ဈေးများ ကျနေသည်။
ဈေးကျနေသည်ပေါ့။ မြန်မာမှ
ထရန်စလိတ် လုပ်သူများ နားလည်စေရန်
ဖြစ်သည်။

ကားများ မီးပွိုင့်၌ မီးနီပြရင် ရပ်ရသည်။
ရထားများ မီးနီပြရင်ရပ်ရသည်။
ကားကတော့ ဘရိတ်အုပ်ပြီး ဝုန်းကနဲ့
တန်းရပ်ရသည်။ ရထားကတော့
သူ့ကိုရပ်ရန် အရှိန်လျှော့ရန်အတွက်
အကွာအဝေးတစ်ခုမှ ကြိုတင်
အနီပြရပ်ခိုင်းရသည်။ ကျုပ်တို့
Crypto တွေက ဘာကြောင့်ရပ်နေလဲ
မသိ။

နို့မို့ ရထား၌ နောက်တွဲများ၏
အရှိန်‌ ကြောင့် တုန့်ကနဲ့ ရပ်မရပေ
ရပ်ခဲ့ပါလျှင်လဲ ဝုန်း ဒုန်းမြည်းကာ
ရထားလမ်းပေါ်မှ ရထားတွဲများ
ပြုတ်ကျပေမည်။ တုန့်ကနဲ့ ဘရိတ်
ဆွဲအားကြောင့် ရထားဘီးနဲ့
ရထားသံလမ်းများ ကျွီး
ကျလီအသံမြည်းကာ မီးဖွားများ
ထွက်ကာရပ်ပေမည်။

မီးစိမ်းပြီဆိုပါလျှင် မီးပွိုင့်ကားများ
ထွက်ခွာနိုင်သည်။ ရထားသည်
ဘူတာမှ မီးစိမ်းပေးအချက်ပြပါလျှင်
ဥဩသံပေး ထွက်ခွာရသည်။
ဘူတာက ရထားများထွက်သည့်အခါ
စက်ခေါင်းများက ဘာလို့ ဥဩသံပေး
ထွက်ကြတာလဲ။

img_0.6579529649205605.jpg

ဘူတာကနေပြီး ဥဩဆွဲထွက်သွားသည့်
ရထားကြီးကို ကြည့်ရသည်မှာ
လွမ်းလွန်လို့ပါ။ အလယ်။
ဥဩဘာလို့ဆွဲတာလဲဟု မေးကြည့်မိသည်။

"အချက်ပြတာပေါ့ဟ"

"အေးလေ အဲ့အချက်က ဘာလို့ပြတာလဲ"

"မသိဘူး သိချင်ရင် စက်ခေါင်းမောင်း
သင်တန်းသွားတက်။ သိရသလောက်တော့
စက်ခေါင်းတွေက သူရို့ စက်ရုံကို ဝင်ထွက်ရင်
ဥဩသံ ဘယ်နှစ်ချက်၊ ရှန်တိန်လုပ်ရင်
ဘယ်နှစ်ချက်၊ ဘူတာ အဝင်အထွက်ဆို
ဥဩသံ ဘယ်နှစ်ချက် အဲ့သလို သတ်မှတ်
ထားတာ"

"အော် အဲ့လို့လား အင်း ဒါဆို
တို့များရဲ့ hive တွေ ဈေးအတက်အကျလည်း
အဲ့သလို ဥဩသံလေးပေးပြီး အနီ အစိမ်း
အချက်ပြလေး လုပ်ပေးရင် သိပ်ကောင်းမှာပဲ
လို့ပေါ့နော်"

"ဘာရယ်ဟုတ်ပါဘူးဗျာ Crypto က
အနီရောင်သန်းနေလို့ စိတ်ကလေးများ
သက်သာမလားလို့ ပေါက်ကရ
ရေးကြည့်တာပါ"

htwegyi@htwegyi
21-9-2021

ရထား ဥဩသံလေးများကြားရင် | Ecency