ဝိုင်းလို့ ဝန်းလို့ ကူညီပါ။

Words
218
Reading
1 min
2y
Listen to this post
~1 min

ကျွန်တော်တို့ရဲ့ Hive Myanmar Community
အဖွဲ့တွင် အမာခံရေးသူက တဦးနှစ်ဦးသုံးဦး
သာရှိသည်။ တခါတရံ ပေါ်လာလိုက် ပျောက်သွား
လိုက်သူများလည်း ရှိသည်။ တချို့တွေကတော့
ဂိမ်းဆော့ရင်း စာရေးတဲ့ ပိုစ့်တွေရေးတင်သည်။
သူရို့တွေကို အားကျမိသည်။ ဂိမ်းဆော့ ပိုစ့်တင်သူ
များ၏ ဗုတ်က နှစ်ဒေါ်လာ သုံးဒေါ်လာခန့်ရကြသည်။
တခါတရံ ဆယ်ဒေါ်လာထိရကြသည်။

သူရို့တွေက မည်သို့လုပ်၍ မည်သို့ ဂိမ်းဆော့ ပိုစ့်တင်
ကြသည် မသိပါ။ သူရို့ရသည့် ဗုတ်များကို
အားကျနေခြင်းဖြစ်သည်။ ကိုယ်တွေ ခုနောက်ပိုင်း
ပိုစ့်တင်ရေးလာခဲ့သည်မှာ တဒေါ်လာပင်မရတော့ပေ။
ဝမ်းနည်းပါ၏။ Ecency ကို Boots အတွက်
တလပွိုင့် 1500 ပေးထားသော်လည်း သူသည်
ယခုထိ လာပြီးဗုတ်မပေးသေးပေ။

Ecency ကလည်း သူ့ကို Update လုပ်ပေးမှာသာ
လာဗုတ်သည်။ ကိုယ်တွေကလည်း Ecency
ကို Update လုပ်ရန်မေ့နေတတ်သည်။ မေ့ဆို
ကိုယ်တွေ ဖုန်းက store ပြည့်နေ၍ အချို့အရာ
များကို တမင်မေ့ထားရသည်။ ကိုယ်တွေလိုပင်
ဗုတ်များများရ၍ ဒေါ်လာများများရချင်သူ များပေမည်။

ဒီတော့ မိတ်ဆွေများအနေဖြင့် Vote ရ၍
ဒေါ်လာများများရစေသော အကြောင်းအရာများ
ရှိပါရင် ဝေမျှကာ ပိုစ့်ရေးသားပေးကြပါအုံး။
အဲ ရေးပြီးသားရော၊ မရေးရသေးသော
စသဖြင့် အကြောင်းအရာများကို ပိုစ့်တင်ပေးကြ
ပါအုံး။ Vote များများရပြီး ဒေါ်လာ မရပါရင်လည်း
မမိုက်ပေဘူး။ ဆိုတော့ Delegation နှင့်
ပတ်သက်သော အကြောင်းအရာလေးများလည်း
ပြန်လည်ရေးသားပေးကြပါအုံး။

နောက်တခုက မက်ဆေ့ဂျာဂရုမှာလည်း
မေးပါအုံးမည်။ တချို့က ကိုယ်တွေ ပိုစ့်တင်၍
မေးထားသော်လည်း ပိုစ့်ကို ဖတ်ချင်သူမှ
ဖတ်ကြပေမည်။ ဒီလိုဗျာ Torum က ဗုတ်ပေးပြီး
ပွိုင့်လား တိုကင်လား အဲ့သဟာယူကြတာ
ခုမရတော့။ ဗုတ်ငါးခါပေးပြီးပါရင် mission
မှာ သွားယူရသည်။ ယခုအခါ ထို ယူရသော
mission ကို မတွေ့ရတော့ပါ။ Torum
ပြုလုပ်သူ မိတ်ဆွေများရော တွေ့ရပါသေးလား။

နောက်ထပ်တခုက ကိုယ့်ရဲ့ ပိုစ့်မှာ hiqvote ‌မန့်၍
ဗုတ်ယူကြသည်။ ကျွန်တော်ရဲ့ hiq ကွိုင်းက
နည်းနေသည်။ ထိုကွိုင်းကို ထပ်မံဝယ်လိုပါသည။
ထိုကဲ့သို့‌သော ကွိုင်းနောက်တခုကိုလည်း ဝယ်ချင်
ပါသေးသည်။ ဒီတော့ ထို Hive Engine coin
များကို ထို Hive Engine မှာ ဝယ်ရောင်းမလုပ်ပဲ
အခြား တခုမှာ ပြုလုပ်ချင်သည်။

ဟိုးယခင်က ကျွန်တော်သည် Hive ကွိုင်းများ
ဝယ်ရောင်းပြုလုပ်ခဲ့ပါသည်။ ထိုစဉ်က
Hive Engine မှာ ပြုလုပ်ခြင်း မဟုတ်ပါ။
အခြား Exchange တခုမှာ ပြုလုပ်ခဲ့သည်။
ယခုအခါ ထို Exchange လား၊ ဘာလား
ကို မမှတ်မိတော့ပေ။ ဒီတော့ မိတ်ဆွေများ
အနေဖြင့် Hive ကွိုင်းများ အရောင်းအဝယ်
လုပ်၍ ရသော Hive Engine မဟုတ်သော
အခြားနေရာရှိပါရင် လင့်ချပေးကြပါအုံး။

အမယ်မင်း သူများကို အကူအညီတောင်းနေ
ရတာနဲ့ကို ပိုစ့်တခုရပါပေါ့။ မည်သို့ဆိုစေ
ထိုသို့ ရေးစရာ ပိုစ့်တခုရခြင်းကပင်
Hive-Myanmar Community မှာ
ပိုစ့်တခု တိုးသွားရတာပေါ့ဗျာ။
မဟုတ်ဖူးလား။

htwegyi@htwegyi
October 21, 2024

ဝိုင်းလို့ ဝန်းလို့ ကူညီပါ။ | Ecency