သရက်ကင်းနှင့် အမေ

Words
168
Reading
1 min
Listen
Play
5y

img_0.7621092795142147.jpg

သရက်တို့က ဖူးရာမှ ပွင့်၊ ပွင့်ရာမှ သီးကြပေသည်။
အပင်ပေါ်မှ သရက်ကင်းလေးများက အစီအရီ
သီးနေသည်မှာ ကြည့်ကောင်းပေသည်။
သရက်ကင်းလေးများ ခူး၍ တို့စားလို့ မရသေးပေ။
သရက်ကင်းသီး လေးများက အတော်သေး
သည်။ ဆောင်းကုန်တော့မည်။ တပို့တွဲလပြည့်
ကျော်သည်နှင့် နေက ပူလာသည်။
အအေးဓာတ်က သိသာစွာ လျော့နည်းလာသည်။
တပို့တွဲ လပြည့်နေ့က အအေးရှိသည်။
လပြည့်ကျော်သည်နှင့် ညဦးပိုင်းက
မအေးပေ မနက်ပိုင်းမှာတော့ အေးလေသည်။

img_0.6338413942494449.jpg

ရာသီအကူ သတိထားရပေမည်။ ဥမ္မာခင်
ကလည်း မသိမသာ နေရာယူလာနေသည်။
လူတို့က မက်တပ်ဖို့၊ တပ်ရန်၊ တပ်သူ
နည်းပါးလာသည်။ ကာကွယ်ဆေးထိုးပြီးသား
ဆိုပြီး မက် မတပ်ကြသူကများသည်။
မနက်ပိုင်း ဈေးသို့သွားပါက ဈေးထဲ၌
မက်တပ်သူနှင့် မတပ်သူ တဝက်ဆီရှိသည်။
ဒါတောင် တနေ့က ဈေးရောင်းသူများကို
မက် မတပ်ပါက ဒဏ်ငွေဆောင်ရမည်ဟု
ပြောသောကြောင့် တပ်ကြသည်။

ကိုယ်တွေဝယ်နေကျ ငါးရောင်းသူ ကလေးမပင်
မက်တပ်ထား၍ မေးယူရသည်။ ခါတိုင်း
သူမက မက်တပ်ထားခြင်းမရှိပေ။

"အဲ မက်တွေဘာတွေနဲ့ ပါလား"

"ဟုတ်တယ် မက်မတပ်ရင် ဒဏ်ငွေ ရိုက်မှာ
ပြောလို ပြေးဝယ် တပ်ထားရတာ၊ အကြာ
ကြီးတော့ မတပ်နိုင်ဘူး။ ရှုပ်ပြီး အသက်ရှုရတာ
ကြပ်လို့"

ဟုတ်ပေမည် ကိုယ်တွေက ဈေးလာဝယ်တုန်း
တပ်သည်။ အိမ်ပြန်ရောက်တော့ ချွတ်ထားသည်။
သူရို့ခမျ တမနက်လုံးတပ်ရ‌ပေသည်။

အဲ သရက်ကင်းပေါက်စရေးရင်း ဥမ္မာခင်
ရောက်သွားတယ်။ ရာသီပြောင်းချိန်မှာ
အဖော်ကွာလို့ အပြင်ရော အတွင်းရော
အင်း ကိုထီးသီချင်းရောက်ပြန်ပဟ။
ရာသီ အကူအပြောင်းက သတိထားရသလို
ဥမ္မာခင်ကိုလည်း သတိထားကြပါအုံး
မိတ်ဆွေဆို့။

အိမ်ပြူတင်းပေါက်ကနေ ကြည့်ရင်
သရက်ပင်က သရက်သီးလေးများကို မြင်ရသည်။
အမေက သူ့အိပ်ရာမှ သရက်ကင်းလေးများကို
မြင်၍

"ဟဲ့ ငါ့ ခူးပေးကြစမ်းပါ၊ ခရမ်းချဉ်သီးငပိ
ချက်လေးနဲ့ စားချင်လို့"

"အဲ အမေကတော့ လုပ်ပြီ၊ သရက်ကင်းမှ
အခုမှ သေးသေးလေးတွေရှိသေးတာ"

အမေက ကျွန်တော်တို့ ပြော၍ ငြိမ်နေသည်။
နောက်သုံးရက်ခန့်ကြာသည့်အခါ အိမ်ခေါင်မိုး
သွပ်ပြားပေါ်သို့ ဒေါက် ဟူသောအသံကြားရသည်။

"ဟဲ့ ဘယ်သူရှိလဲ သရက်ပင်အောက် သွားရှာစမ်း
သရက်ကင်းကြွေကျသံ ငါကြားတယ်"

img_0.2056552872596373.jpg

အငယ်မက သွားရှာသည် တွေ့ပါပြီး
အမေ့သရက်ကင်း သေးသေးလေးပါ။
သေးသည်ဆိုပေမင့် တို့စားလို့တော့ ရပေမည်။
ထိုသရက်ကင်း ပေါက်စကို ဓားဖြင့်ခွဲ၍
ရေစိမ်ထားခိုင်းသည်။ ထမင်းစားချိန်တွင်
ထိုသရက်ကင်းခြမ်းနှစ်ခုကို ရေထပ်မံဆေး၍
သူ့ သွားတုကြီးဖြင့် တကြွပ်ကြွပ် ဝါးစားပါလေတော့သည်။

htwegyi@htwegyi
19-2-2022

သရက်ကင်းနှင့် အမေ | Ecency