သံယောဇဉ်ဆိုတာ ရှိတယ်

Words
152
Reading
1 min
7y
Listen to this post
~1 min

image

ငထွေး တို့တိုက်တန်းမှာဗျာ လူအမျိုးမျိုး ရှိကြတယ်ဆိုတာ ရှေ့ ကပိုစ့်တွေမှာ ရေးပြထားပြီးဖြစ်သည်။
လူကပြား လိုင်းတန်းလျား ဆိုသည့်အတိုင်း
ပေါက်တတ်ကရလဲ အင်မတန်ပေါများလှသည်။
အောက်ခြေ ဝန်ထမ်းနှင့် ရာထူးငယ်များ အများဆုံး နေထိုင်ရာ ဝန်ထမ်းရပ်ကွက်ဖြစ်သည်။
အခြေခံလူတန်းစားများ အများအပြားပါဝင်သည်။

အဆိုပါများပြားလှသည့် ဝန်ထမ်းတိုက်ခန်းများ
အတွင်း အခွန်လွတ်ဈေးဆိုသည့် ဈေးတစ်ခု
ရောင်းချလိုက်သည့်အခါမှာတော့ အထူးစည်ကား
သွားပါတော့သည်။ ဝန်ထမ်းမိသားစုဈေးသည်များ
အပြင်မှ လာရောက်ရောင်းချသည့် ဈေးသည်များ
ဖြင့် ငထွေးတို့ ဝန်ထမ်းတိုက်ခန်းကြီးက အင်မတန်မှ
စည်ကားလာပါတော့သည်။ အပြင်မှ မရောက်ဖူး
မလာဖူးသူများသည် တစ်ခါတလေ လာရောက်
ဝင်ရောက်ခဲ့ပါက ပျော်စရာကောင်းသည်ဟု
လည်းကောင်း၊ ဆူညံ ပွက်လောရိုက် နေသည်ဟု
လည်းကောင်း အမျိုးမျိုး မှတ်ချက်ပေးကြသည်။

wc2s9c7vr5.jpg

ပျော်စရာကောင်းသည်ဟု မှတ်ချက်ပေးသူများမှာ
အများအားဖြင့် ငယ်ရွယ်သူ လူငယ်များဖြစ်သည်။
လူကြီးများကတော့ ဆူညံ သည်ဟု ပြောဆိုကြ
သည်။ ဆူညံတာတော့ မပြောနဲ့ဗျ တော်ယုံ
နေထိုင်မကောင်းသည့်လူ၊ နှလုံးရောဂါရှိသူ
တို့သည် တိုက်တန်းအထာကို မသိပါက အသက်
ထွက်သွားနိုင်သည်။ ဟိုအခန်းက တဝုန်းဝုန်း ၊
ဒီအခန်းက တဗြုန်းဗြုန်းဖြင့် တိုက်တန်းမှာ
အနေကြာသူ နားအကျင့်ရသူများသာ ခံနိုင်မည်
ဖြစ်သည်။

o566tdey5t.jpg

ခုခေတ်စကားဖြင့် ပြောရပါလျှင် နားမုဒိန်းကျင့်
ခံရသည့် တိုက်တန်းဖြစ်သည်။ အစိုးရပိုင်
ပြည်သူပိုင်တိုက်ခန်းများကို စတင်နေထိုင်စဉ်က
ဥပဒေ ထုတ်ပြန်ထားသည်။ တိုက်ခန်းများကို
နေထိုင်သည့်အခါ ပြုပြင်ပြောင်းလဲမှု မပြုလုပ်ရ
ဟု အမိန့်ထုတ်ပြန်ထားပါသော်လည်း
အိမ်ခန်းပြောင်းသူက အခန်းအကာများကို
ထုရိုက်ဖြုတ်ယူသည်။ နောက်ပြောင်းရွေ့လာသူ
ကလည်း အခန်းကိုပြန်လည်ပြုပြင်ရာတွင်
ထုရိုက်ပြုပြင်ပြန်သည်။

edi0qyn2xf.jpg

ထို့အပြင် လင်မယားရန်ဖြစ်ခြင်း၊ မူးရူးရမ်းကား
ခြင်း၊ ကာရာအိုကေများ ခေတ်စားစဉ်က တစ်ခန်းနှင့်
တစ်ခန်း ဆောင်းဘောက်များဖြင့် အပြိုင်အဆိုင်
သီချင်းဆိုကြသည်။ အကြွေးတောင်းမရပါက
အော်ဟစ်ရန်ဖြစ်တောင်းဆိုကြသည်။ ဝါသနာပါရင်
တစ်ခါတလေ ထ နပန်းသတ်ကြပါသေးသည်။
ဒီလို ဒီလိုတိုက်ခန်းမျိုးပါ။ ဒါတောင် ပင်စင်ယူသွား
သူများက သံယောဇဉ် မကုန်ဖြစ်ကာ လာရောက်
လည်ပတ်ကြပါသေးသည်။

အော်....ဘာပဲဖြစ်ဖြစ် ဒီလို ဆူညံ ပွက်လောရိုက်
သည့် တိုက်တန်းမှာ နေထိုင်လာသည့်နှင့်အမျှ
သံယောဇဉ် ခေါ်မလား အစွဲအလန်း ခေါ်မလား
တိတ်ဆိတ်နေပါလျှင် မနေတတ်သည့် ရောဂါ
ဝင်လာတတ်ပါသည်။ အနေကြာလာတော့လည်း
သံယောဇဉ် ဆိုတာရှိတယ်ပေါ့ဗျာ။

htwegyi@htwegyi
Photo htwegyi@htwegyi
MSC.036

သံယောဇဉ်ဆိုတာ ရှိတယ် | Ecency