ကဗျာ ဆိုသည်က နှုတ်မှ ဖွဖွလေး တိုးညင်းသာယာစွာ
ရွတ်ဖတ်ပါ။ မည်သို့ခံစားရသည်ကို နားဆင်သူရော
ရွတ်ဆိုသူရော ရင်မှာ ထိ သိ ရောက်စေသည်။ ထိုမှ
တဆင့် ထိုကဗျာကို ဂီတသံစဉ်ဖြင့် ရောယှက်
ထိတွေ့မွေ့သည့်အခါ ရင်မှာ ရင်သို့ တိုးဝှေ့ဆဲပါ။
ကဗျာ ဟုသည် စာသား စကားစုကို ငယ်စဉ်က
အတော်မြင်ပြင်ကပ်ခဲ့သည်။ ကဗျာဆိုသည်မှာ
အချစ်ရူးသူများက သူတို့၏ ရူးသွပ်မှုများကို
ရေးသားထားသည်ဟု ထင်ခဲ့မိသည်။ အမှန်က
ကဗျာဆိုသည်မှာ လူသားအားလုံး၏ ခံစားချက်များကို
ဖွင့်ချပြသထားသော ကျစ်လစ်သည့် စကားစုလေး
အဖြစ် ယခုတော့ ကျွန်တော်က အဓိပ္ပါယ်ဖွင့်ဆို
ချင်ပါသည်။
ငယ်စဉ်က ကဗျာကို မဂ္ဂဇင်းများဖတ်သည့်အခါ
ကျော်လွှားပြီးဖတ်သည်။ ကဗျာကို ဘာပြုလို့များ
မဂ္ဂဇင်း၏ ထိပ်မှာ ထည့်ထားပါလိမ့်။ ကိုယ်တွေ
ဖတ်ချင်သည့် ဝတ္ထုတို၊ ဝတ္ထုရှည်များကို စာအုပ်၏
အလယ်နှင့် အနောက်မှာ ဘာလို့ ထည့်တာပါလိမ့်
စသဖြင့် တွေးမိသည်။ ယခုတော့ ကဗျာများကို
ခံစားမိလာသည်။ ယခုမှ ပိုမို ခံစားမိလာတာနော်။
ခံစားမိဆို ကဗျာဆရာတဦးဖြစ်သူက ကျွန်တော်၏
လုပ်ငန်းခွင်မှ ဆရာတဦးဖြစ်သည်။ သူ၏ ကဗျာ
များကို Facebook မှာ ဖတ်ရင်း သူ့ကဗျာများကို
နှစ်သက်မိခဲ့သည်။
သူ၏ ကဗျာများအနက်မှ ယခုတလော အဖြစ်အပျက်
များနှင့် နွေဦးတော်လှန်ရေးအတွက် ရေးသား
ထားသော ကဗျာနှစ်ပုတ်ကို ကူးယူဖော်ပြလိုက်ပါသည်။
Hive မိတ်ဆွေများလည်း ကဗျာကို ခံစားနိုင်မည်ဟု
ယုံကြည်ပါသည်။ ဆရာ၏ လှပသော အနုပညာဖြင့် ပြည်ထောင်စုကို အမှတ်တရ ရေးဖွဲ့ထားသည့်ကဗျာ။
-ရှမ်း။
ပြန်လျှောမကျပါစေနဲ့
ကမ္ဘောဇ ။
_ချင်း
တောင်ဇလပ်ပန်းတွေဟာ
အောင်ဓာတ် လန်းဝေဖြာစေတော့။
_ကချင်
ဧရာဝတီ အဖျားမှာ
အသေအချာ ညီထားတာ အားရရဲ့။
_ကရင်
ဇွဲကပင်တို့ ပွဲအဝင်လှသလို
ဖဲ မပြင်ကြဘဲ
အကဲ ယှဉ်ပြကြပါဦး။
_ကယား
သုဓနု မြှားခွင်းချက်
အားတင်းလျက် သွက်သွက်ချီ
မာဝီတို့ ဇာနည်တို့။
_မွန်
ရာမညသားတွေဟာ
သဘာဝတရား နဲ့လိုက်လျောညီထွေ
တိုက်သော ဤမြေ နိုင်စေဦး။
_မြန်မာ
အလောင်းဘုရားသွေးတွေ
အကြောင်းတရားလေးဖွေပြီး
အကောင်းစားတေးတွေ သီပါကြ။
_ရခိုင်
လေးဝတီက သွေးညီကြတယ်
ရေးစီသမျှ တေးပန်းချီလှသမို့
ဆိုကြလည်းမြိုင်မြိုင်
နိုင်ကြလည်းခြိမ့်ခြိမ့်
သူတို့သွေးကြောထဲစိမ့်နေတာ
အောင်စိတ်တွေချည်း။
ပြည်ထောင်စု၊ပြည်ထောင်စု ဆိုပြီး
အညှီကောင် ငပုက
ပြည်တွင်းက ထောင်ထဲ
အမေစုကိုထည့်ထားတာ
ကြာ ကြာ လှပြီ၊ ညီမယ်ဆိုညီကြစို့
အလှူတွေ လှိမ့်လှိမ့်ခံပြီး
မျိုဆို့မနေကြနဲ့ ဠီးးးးး ။
နေမိုးညို
14-2-2025
Arts #crd Soe Hlaing Tint Yso
(Valentine လုပ်မနေနဲ့၊ဘယ်လင်နဲ့မှမတိုင်းဘဲ
ဒဲ့ ဆဲပလိုက်တာ)
ဆရာ၏ မူရင်းစာသားအတိုင်း
ကူးယူဖော်ပြခြင်းဖြစ်သည်။
ရက်စွဲ၏ ခုနှစ်က 2026 လား။ သို့မဟုတ်
2025 ခုနှစ်က ရေးသားခဲ့လေသလား မသိပါ။
အောက်ဖော်ပြပါ ကဗျာကတော့ မည်သည့်အကြောင်းအရာကို ရေးဖွဲ့ထားသည်ကို
ပြောစရာမလိုပေ။
အဲသည်နေ့က မတန်မရာ
ဝတ်ရုံတလွှားလွှားနဲ့
လွှတ်ကုန်ကြွားနေလိုက်ပုံများ
ခွေးဝဲစားနဲ့ မင်းမြောက်တန်ဆာ
မသာနဲ့ အော်ဒီကလုံး ချီးတုံးနဲ့ ရွှေခွက်လို
အရှက်တွေ အခါခါသုဉ်းပြီး
ကျက်သရေ အဖြာဖြာတုံးလွန်းလို့။
သစ်ပုပ်ပင်နဲ့ ကွန်ဗို့
ဘယ်လောက်တောင်ရွေရင်ဆို့နေမလဲ
ပျို့ချင်စရာမျက်ခွက် ကြည့်ရင်းနဲ့ဒေါသထွက်လာ
တက္ကသိုလ်မြေဆိုတာ
မသာဇရပ်မှ မဟုတ်တာကြီး
Yee တဲ့မှ။
ဆီမီးခွက်က နေမင်းလောက်တောက်ပချင်
စင်ပေါ်ကို လူတိုတို တန်းမဝင်
ခေါ်တင်လာတဲ့ ဝံကျီးဆိုတဲ့ ဗိုင်းဒါမလည်း
_င်ခေါင်းထဲ ဒူးရင်းသီး ဒလက်တပ်မွှေလိုက်ရ
သဘောတွေကျနေမလားမသိ
PhD ဆိုတာ Ph,7 လို
မျိုချလို့မရဘူး နွားရဲ့။
အခုလိုမျိုး
အယုတ္တ အနတ္တ
ဖရုဿ ဝါစာတွေ
ကဗျာလုပ်ရေးဖြစ်လိမ့်မယ်လို့
ဘယ်တုန်းကမှ မတွေးမိဘူး
ကလောင်သနလို့ ရူးချင်လာရဲ့
မင်းရို့ရဲ့ လေပြည်တော် ပြာလွှမ်းးအောင်
အဝှာတန်း မီးလောင်စေရော့ဟေ့။
နေမိုးညို
7-2-2026