ကောင်းကင်၌ မိုးအုံ့နေသည်။ တိမ်မဲများက
လေနှင်ရာလွင့်နေသည်။ ခြံ ထဲ၌ရှိသော အပင်များက
လေယူရာယိမ်းနွဲ့နေကြသည်။ မိုးရေ ဝနေသော
သစ်ပင်များသည် စိမ်းစိုနေ၍ ကြည့်ရတာ အင်မတန်မှ
မျက်စိကို အေးမြစေသည်။ လေအဝှေ့မှာ
သစ်ရွက်ကလေးများ လှုပ်ခတ်နေသည်ကို
ကြည့်ရသည်မှာလည်း စိတ်ချမ်းသာလှသည်။
ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဟု ငယ်စဉ်က
စာအော်ကျက်ခဲ့ဖူးသည်။ ယခုဝါဆိုဝါခေါင်မှာတော့
ရေများက ဖောင်ဖောင်သာမက တလဟောပင်
ကြီးမြင့်နေသည်။ တရုတ်ပြည်ရေကြီးမှု၊ လေမုန်တိုင်း
တိုက်ခိုက်မှုများက အင်မတန်မှ
ကြောက်လန့်ဖွယ်၊ ထိတ်လန့်ဖွယ်ကောင်းသည်။
တရုတ်ပြည်၏ ရာသီဥတုက ယခုအချိန်မှာအင်မတန်မှ
ထိတ်လန့်ဖွယ်ကောင်းသည်။ ပထမ တိုက်ခတ်သွားသော မုန်တိုင်း၏ဆိုးကျိုးများကို ခံးစားနေရတုန်းရှိသေး။
နောက်တကြိမ် မုန်တိုင်းကြီးက ထပ်မံလို့
ကျရောက်လာပြန်သည်။
တရုတ်ပြည်သည်က စီးပွားရေးနှင့်ပတ်သက်လျှင်
အမှန်အမှားမကြည့်ဘဲ မိမိကိုယ်ကျိုး အတ္တအတွက်
ကြည့်သည့်နိုင်ငံဖြစ်သည်။ တရုတ်အစိုးရ၏
အဓမ္မလောဘများသည် သူ့ရို့ထံသို့ ဆိုးရွားသော
ရာသီဥတုများဖြင့် ပြန်လည်ခံစားစေသည်။
မနိုင် နိုင်သူပေါ်ပေါက်ခြင်း ဖြစ်ပေသည်။
ယခုကာလမှာ ကမ္ဘာ့နိုင်ငံကြီးများသည် နိုင်ရာစားများ
အဖြစ်ရောက်ရှိနေသည်။ မိမိတို့နိုင်ငံ အကျိုးစီးပွား
အတွက်သာ ဦးစားပေးနေကြသည်။ ကြီးနိုင်ငယ်ညှင်း
အဓမ္မဝါဒီကို လက်ခံနေကြသည်။
မေတ္တာတရား၊ ချစ်ခင်ကြင်နာမှုနှင့်ကိုယ်ချင်းစာ
တရားများကို ပျောက်ဆုံးနေသည်။
မေ့လျော့နေကြသည်။ မေတ္တာတရားဆိုသည်မှာ
မိတ်ဆွေများ၏စိတ်ဓာတ်၊ မိတ်ဆွေတို့၏စိတ်ဓာတ်ဟု
ပါချုပ်ဆရာတော်ကြီး ဟောကြားသောတရားတော်မှာ
နာကြားရသည်။ လူတို့၏လောဘဒေါသများကအပူများ
ဖြစ်သည်။ ထိုအပူများကြောင့် ကမ္ဘာကြီးသည်လည်း
ပူလောင်ကာ မီးငွေ့၊ မီးလျှံ၊ မီးခိုးလုံးများဖြင့် တောက်လောင်နေသည်။
လူတို့၏ခန္ဓာကိုယ်မှ လောဘဒေါသအပူများ ငြိမ်းပါမှ
ကမ္ဘာကြီးလည်း အပူငြိမ်းကာ အေးချမ်းပေမည်။
ကမ္ဘာမြေကြီးငြိမ်းချမ်းမှ ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သော
သတ္တဝါအားလုံးလည်း ငြိမ်းချမ်းအေးမြပေမည်။ ကမ္ဘာကြီးအေးချမ်းမှ ရာသီဥတုများလည်းမှန်ကန်စွာ သစ်ပင်သစ်တောများလည်း စိမ်းလန်းစိုပြည်လာပေမည်။ အစိမ်းရောင်ကမ္ဘာကြီးမှာ
လူတို့၏မေတ္တာတရားများလည်း စိမ်းစိုအေးမြပြီး။
စိတ်အေးချမ်းကာ နှလုံးစိတ်ဝမ်းများ ငြိမ်းချမ်း
နေကြပေတော့မည်။
@htwegyi
July 10, 2026