စောင့်ပေအုံးတော့

Words
128
Reading
1 min
Listen
Play
5y

img_0.7621092795142147.jpg

ဒီနေ့တော့ ပိုစ့်တင်တာ နောက်ကျသည်။
ဘာလို့လဲဆိုတော့ လောဘနောက် လိုက်နေလို့။
Pi ဆိုတာကြီးနဲ့ နည်းနည်း အလုပ်ရှုပ်သွား
သည်။ အဲ့ ဟာကြီးက ဘယ်အချိန်က
နှိပ်မိနေတာမသိ။ လူငါးယောက်
Invite လုပ်ဆိုလို့ လုပ်သည်။
လူငါးယောက် ပြည့်ပြီး သကာလ
သူတို့သတ်မှတ်ချက် ပြည့်၍ ဘားတန်း
လေးကစိမ်းသွားသည်။

နောက်ပြီး အဲ့ဟာကြီးက နှိပ်တာ
နှိပ်နေတာ passport မှာ ပါသည့်
အမည်နှင့် ထပ်တူကျမှ တူညီမှ
သူ့ဟာကို ထုတ်ရမည်။ ကိုယ့်မှာ
passport မရှိ။ ဒါလဲအမှတ်မရှိ
တစ်နေ့တစ်ခါ သွားနှိပ်နေမိသည်။
passport မရှိ ထုတ်မရပါဘူးဆိုတာကို
Pi Wallet ကသွားဖွင့်နေမိသည်။
Wallet ဖွင့်ရလား ဆိုတော့ ရပေါင်း။
ဘာလိုအပ်နေလဲမသိ ဖွင့်မရဘူး။

img_0.9233830908561488.jpg

ဒါနဲ့ အဲ့ဟာကြီး ပစ်ထားပြီး ကိုယ့်
Hive ဆီ ခြေဦးလှည့်ရသည်။
ဘာတဲ့ Delegate တဲ့ ကိုဒွန်က
100 HP လုပ်သည်။ ဟော့
နောက်တစ်ဦး ကိုဟိန်း က
1000 hp အသီးသီး Delegate
လုပ်ကြသည်။ ကြည့်စမ်း သွက်လိုက်ကြတာ။
ကိုယ်လည်း ဘယ် နေမလဲ လုပ်မယ်ပေါ့။
300 hp လောက်လုပ်မည်ပေါ့။

img_0.4466539462679802.jpg

အဲ အဲ့ 300 hp ကို ဘယ်ကနေ လုပ်ရမလဲ။
Ecency ကလုပ်ရမလား။
Peakd က လုပ်ရမလား။
ဘယ်ကနေ လုပ်ရမလဲ
တွေဝေနေတာ။ အဲ့ တွေဝေနေတာကြီး
ကြောင့် 300 hp Delegate လုပ်ဖို့
နောက်ကောက်ကျပြန်ပေါ့။
Ecency မှာ 300 hp Delegate
လုပ်ပြီး မသေချာမှာ စိုးပြီး ပြန်ဖျက်မိသည်။
အဲ့တော့ နောက်ငါးရက်နေမှ
Delegate လုပ်ဖို့ ပြန်ပြီး
စောင့်ရပေအုံးတော့မည်။

htwegyi@htwegyi
3-9-21

စောင့်ပေအုံးတော့ | Ecency