Good Starting

Words
208
Reading
1 min
Listen
Play
4h

United Women အနေဖြင့် ဒီရာသီ ပထမဆုံး နိုင်ပွဲကို ဒီနေ့ မနက် အစော ပွဲစဉ်မှာ ရယူသွားနိုင်ခဲ့၏။ Women League Cup ပွဲစဉ် ဖြစ်၏။ Qualified stage ဖြစ်၏။ မနှစ်က အဆင့် ၄ သာ ရခဲ့သည်မို့ League Cup အတွက် Qualified stage ကနေ ကစားရခြင်း ဖြစ်၏။ အဖွင့်ပွဲစဉ်မှာ WSL 2 က Sheffield United Women အသင်းကို ၁၀-၁ ဆိုသည့် ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။

ဟ ဂိုးပြတ်ကြီးတောင်ဆိုပြီး ဂုဏ်ယူနေလို့ မရပေ။ အသင်းချင်းက အကွာကြီး။ Sheffield က လက်ရှိ WSL 2 မှာ ၃ ပွဲကစားပြီး ၃ ပွဲလုံး ရှုံးနိမ့်ထား၏။ United လည်း သိပ်တော့ မထူး။ WSL မှာ ၃ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲသရေ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ထား၏။ ပြီးခဲ့တဲ့ တပတ် အနိုင်ရမယ့်ပွဲ ကြပြန်တော့ Arsenal က နောက်ဆုံး မိနစ်မှာ ချေပဂိုး သွင်းယူသွားလို့ ၃ မှတ်အစား သရေ ၁ မှတ်သာ ရယူနိုင်ခဲ့လေ၏။

နည်းပြသစ် လက်ထက်မှာ အဖွင့် မလှ ဖြစ်နေခဲ့၏။ နည်းပြဟောင်း Marc Skinner တယောက် လက်ရှိမှာ ဘယ်အသင်းကိုမှ ကိုင်တွယ်နေတာမျိုးတော့ မတွေ့ရသေးပေ။ အင်္ဂလန် လူမျိုး အမျိုးသားနည်းပြ နေရာမှာ စပိန် လူမျိုး အမျိုးသမီးနည်းပြ Eva Olid ကို ဒီနှစ်မှာ ခန့်အပ် ထား၏။ Scotland ကလပ် Heart of Midlothian အသင်းကို ၂၀၂၂-၂၀၂၆ ထိ နည်းပြခဲ့၏။ နောက်ဆုံးရာသီမှာ အသင်းကို SWPL 1 ချန်ပီယံ ဖြစ်အောင် လုပ်ဆောင်ပေးထားခဲ့၏။

နည်းပြ အပြောင်းအလဲ ကစားသမား အများအလဲတွေလည်း ရှိခဲ့၏။ ကစားသမား အများစုကို ကျနော် မသိတော့ပေ။ Tooney လေး ရှိနေသေးလို့သာ တော်သေးသည် ဆိုရမယ်။ သူမတောင် United မှာ ၉ နှစ် ကြာခဲ့ပြီ။ နည်းပြသစ် လက်ထက်မှာ ပွဲထွက်ခွင့် ဆက်လက် ရရှိထား၏။ Toone အနေနဲ့ WSL မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမဲ့ မနေ့က Sheffield နဲ့ ပွဲစဉ်မှာတော့ အကောင်းဆုံး ကစားပြသွားခဲ့၏။ ကိုယ်တိုင် ဂိုးသွင်း ယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုတွေလည်း လုပ်သွားခဲ့၏။

League Cup qualified ပွဲစဉ်မှာတော့ နိုင်ပွဲ ရခဲ့ပြီ WSL ပွဲစဉ်မှာ နိုင်ပွဲ ပြန်ရှာတွေ့နိုင်ဖို့သာ လိုတော့၏။ လာမယ့် Sunday မှာ West Ham နဲ့ အိမ်ကွင်းမှာ WSL Week 4 ပွဲစဉ် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

(photos from Man United Women page)

Good Starting | Ecency