ခရီးသွားရင်း သီချင်းဆိုမယ်
ငှက်ကလေးများလိုကွယ်။
ကျွန်တော်တို့နိုင်မည်။
ကျွန်တော်တို့ နိုင်ရမည်။
အရေးတော်ပုံအောင်မြင်ပြီသည့်
နောက် ခရီးသွားချင်ပါသေးသည်။
ခရီးထွက်စရှိက ခရီးထွက်ချင်သည်။
ရေမြေတောတောင်သဘာဝ အလှတရားများ
ကျွန်တော်တို့မြန်မာပြည်ကြီးမှာ
များစွာ များစွာရှိသည်။
ဒီအလှတရားများကို တန်ဖိုးထား
ထိန်းသိမ်းသင့်သည်။
ဒီ အလှတရားများကို
နည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းကာ
နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သည်။
နိုင်ငံခြားဝင်ငွေများရရှိပေမည်။
ပြည်တွင်းအလုပ်အကိုင်အခွင့်လမ်းများ
ပေါများလာမည်။ ကိုယ်တွေ နောက်တောင်
ကျနေပါပြီ။ သူများတွေက လုပ်လို့
ချမ်းသာနေပြီ။
ကျွန်တော်သွားခဲ့သည့် တပ်ကုန်း-ရမည်းသင်း
ရှိ ရွှေမြင်တင်တောင်ကို အမှတ်ရမိသည်။
ဖုန်းမှ မှတ်တမ်းတင်ခဲ့သည့် ပုံများကို
ကြည့်ရင်း ရွှေမြင်တင်တောင်ဘုရားပွဲ
သွားခဲ့သည်ကို သတိရမိသည်။
သွားခဲ့စဉ်က နေ့ချင်းပြန်ခရီးဖြစ်သည်။
မနက်စောစောထသွားသည်။
မိုးချုပ်မှ မန္တလေးပြန်ရောက်သည်။
နေပူပူ ရွှေမြင်တင်တောင်ပေါ်တက်ခဲ့ရသည်မှာ
အမှတ်တရဖြစ်သည်။ မိတ်ဆွေ၏
အသိအိမ်ကို ဝင်ရောက်သည့်အခါမှာ
ရှေးဆန်လှသော အိမ်ကိုအမှတ်တရ
ဖုန်းဖြင့်ရိုက်ခဲ့သည်။ ရွှေမြင်တင်တောင်
အကြောင်း ယခင်က ပိုစ့်ရေးသား
ထားပြီဖြစ်သည်။
မြန်မာလူမျိုးတို့၏ တော့ဓလေ့
ရိုးရာဘုရားပွဲက နေပူပူ၊ ဖုန်ထူထူမှာ
စည်ကားလွန်လှသည်။ ချွေးတရွှဲရွှဲ
ရိုးရာပွဲကို မရောက် ရောက်အောင်
အနီးဝန်ကျင်ဒေသက လာရောက်
ကြသည်။ ကိုယ့်အရပ် ကိုယ့်ဓလေ့က
ပွဲကို နွဲကြသော သူရို့ကို ကြည့်ရသည်မှာ
ပျော်ရွှင်စရာကောင်းလှသည်။
@htwegyi
9-7-21