ကံကောင်းမည့်‌နေ့

Words
70
Reading
1 min
Listen
Play
5y

image

ယနေ့တော့ အတိတ်လဲကောင်းတာ
နမိတ်လဲ ကောင်းတာ
ထီပေါက်လိမ့်မယ် ထင်တာ
ဗေဒင်ဆရာ ကိန်းအကျ သိန်းရမှာ
ဧကန်ပါပဲ ခင်ဗျာ။

ဟုတ်ပါတယ် မှန်ပါတယ်
ဒီနေ့ဟာ ဆိုရင်ဖြင့် ကျွန်တော်တို့
Hive အဖွဲ့သားများရဲ့ ကံကောင်းမည့်နေ့ကို
စတင် အသက်သွင်းလိုက်ခြင်းဖြစ်ပေသည်။
အရွေးကောင်းတော့ သူဌေးလောင်း
ဆိုသလို ၊ အရွေးတော်တဲ့ သူဌေးကတော်
တွေကလည်း ရှိနေကြပြီမို့။

မကြာမှီ ကျင်းပမည့် စလုံးထီ ပေါက်ပွဲကြီးကို
ပါဝင်ဆင်နွဲကြပါတော့မည်။
အောင်ပွဲသံကြားရအောင်
ရွာစားရေ အောင်စေ ပိုင်စေနဲ့ဖွင့်။
အဟဲ ဘာပဲဖြစ်ဖြစ် ထီထိုးထားကြပြီဟာမို့
ကြိုက်သလို ကြိုက်သလောက်
သဘောရှိ စိတ်ကူးယဉ်နိုင်ကြပါပြီကွယ်ရို့။

Screenshot_20210707-114313_Samsung Internet.jpg

ယနေ့ 7-7-21 ဆိုတော့
လပ်ကီးဆဲဗင်နေ့မို့ လပ်ကီးတွေ၊
ကံကောင်းခြင်းတွေ အတွက်
ကိုဟင်သို့ စလုံးထီထိုးဖို့ 4 hive
Power Up 50 Hive
Savings 10 HBD
ပြုလုပ်ထားပါသည်။

အဖွဲ့သားတို့ရေ
အတူတူ ကံကောင်းမည့်နေ့ကို
စောင့်မျှော်ကြရအောင်လား။

htwegyi@htwegyi
7-7-21

ကံကောင်းမည့်‌နေ့ | Ecency