What Should we Change

Words
198
Reading
1 min
Listen
Play
7h

ဒီတပတ်မှာ လိဂ် ပြိုင်ပွဲတွေ မရှိပေ။ နိုင်ငံတကာ ပြိုင်ပွဲများ ကစားရမည် ဖြစ်၏။ စိတ်ချမ်းသာရပြီပေါ့။ အသင်းစွဲ မရှိ ဒုက္ခ မရှိ ဆိုသလို အသင်းပွဲ မရှိမှ စိတ်သက်သာရာ ရပေလိမ့်မည်။ ပြီးခဲ့တဲ့ Fulham နဲ့ ပွဲ မကြည့်ဖြစ်လိုက်ပေ။ ပထမပိုင်း မိနစ် အနည်းငယ် ကြည့်ဖြစ်၏။ ကြည့်ရတာ အဆင်မပြေတာနဲ့ မကြည့်ဖြစ်ဘဲ တခြား လုပ်စရာ ရှိတာ လုပ်နေခဲ့၏။ ဒါလေးက ကောင်းသွားသည် ဆိုရမည်။

စိတ် လုံးဝ ဖြတ်မရသေးတာနဲ့ ဂိုး ရလဒ်လေး သွားကြည့်မိ၏။ Fulham က အရင် သွင်းထား၏။ ကောင်းရော။ လုပ်စရာ ရှိတာ ပြန်ဆက်လုပ် နေလိုက်၏။ ပွဲပြီးချိန်လောက် တချက် ဂိုးရလဒ် သွားစစ်တော့ ၁-၁ သရေတဲ့။ မဆိုးပါဘူးပေါ့။ ဒီလောက်ပါပဲ။ အရင်လောက်တော့ မပူလောင်နေတော့ပေ။ အသင်းကို မချစ်တော့၍ မဟုတ် စိတ်ထားတတ်သွားခဲ့ပြီ။

တခေတ်တခါတုန်းက ပျော်စရာ စိတ်အား တကြွစရာ အများစုသာ ပေးခဲ့သည့် အသင်း၊ ခုတော့ မပျော်ရွှင်မှုနှင့် စိတ်ညစ်စရာတွေသာ ပေးလေတော့၏။ ဘယ်ကတည်း မပျော်ရတော့တာလည်းဆို Sir Alex မကိုင်တွယ် တော့ ကတည်းကဟု ဆိုရပေလိမ့်မည်။ ကြားထဲ ဟိုဖလား ဒီဖလားလေး ရပေမဲ့ EPL ချန်ပီယံ ဆိုတာကြီးက ကိုယ်တွေနဲ့ မသက်ဆိုင်သည့် အရာတခုနှယ်။ ၂၀၁၂/၁၃ ရာသီ နောက်ပိုင်းမှာ EPL ချန်ပီယံဆိုသည့် ဂုဏ်ပုဒ်က ကိုယ်တွေဆီ ပြန်မရောက်လာတော့ပေ။ ဒီနှစ်လည်း ဒီအတိုင်းဆို မလွယ်ပေ။

လက်ရှိ လူစာရင်းနဲ့က ဘယ်လိုမှ မဖြစ်နိုင်ပေ။ မနှစ်က UCL မကစားရပေ။ ဒီနှစ်က UCL ကစားရ၏။ မနှစ်ကထက် ဒီနှစ် ကစားရမယ့်ပွဲတွေ များ၏။ ဒါကို လူဖြည့်တင်းထားတာ ကြည့်ဦး။ ဘာမှ လောက်လောက်လားလား မရှိပေ။ တခြားအသင်းတွေလို ကောင်းမွန်ပြီးသား အထိုင်ကျပြီးသား ကစားကွက်နဲ့မို့ လူ အနည်းငယ် ဖြည့်တာဆို လက်ခံလို့ရသေး၏။ ကိုယ်တွေမှာက ကောင်းမွန်တဲ့ ကစားကွက်ရဖို့ကို ကောင်းတဲ့သူတွေ မရှိနေခဲ့တာ။

လက်ရှိ လူစာရင်းမှာ ရောင်းထုတ်ရမယ့် ကစားသမားတွေမှ အများကြီး။ အထူးသဖြင့် ခံစစ် အစွန်နေရာက ကစားသမားတွေ ပြီးရင် ဒေါက်တာလေး Rashford တကျော့ပြန် ရောက်ရှိလာခဲ့ပေမဲ့ ခုထိ သူ့ဆီက အရင်လို လုပ်ပြနိုင်တာမျိုး မတွေ့ရသေးပေ။ တောင်ပံ ကစားသမား Amad ဒဏ်ရာ ပြဿနာ ရှိနေသောကြောင့် ဆိုရင်လည်း တချို့ ပွဲစဉ်တွေမှာ Rashford အစား Shea Lacey ကို သုံးလို့ရ၏။ Carabao Cup မှာ ဒီကလေး အစွမ်းပြခဲ့သေးသည် မဟုတ်လား။ မနှစ်ကတည်းက သူ့ အစွမ်းအစကို ထုတ်ပြနေခဲ့ပြီးသား။ Mainoo လိုမျိုး ဒီကလေးကိုသာ အချိန်ပေးပြီး ပွဲထွက် ကစားစေခဲ့ရင် ရလဒ်ပိုင်း အပြောင်းအလဲ ဖြစ်လာလေမလားလို့ မျှော်လင့်နေမိ၏။

(photos from Man United page)

What Should we Change | Ecency