ပွဲဟု ကရန် ခုနှစ်သံချီဆွယ်

Words
148
Reading
1 min
Listen
Play
1M

ကျနော်တို့ရပ်ကွက်ရဲ့ ဇာတ်ပွဲကြီးကတော့
အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။
တစ်ညကတော့မိုးရွာလို့ မကလိုက်ရပါဘူး။
နှစ်ည မြောက်ကတော့ အောင်အောင်မြင်မြင်နဲ့
ပြီးဆုံးသည်။ ပထမညက ဇာတ်ပွဲ စ ကာရှိသေး
မိုးရွာသဖြင့် ပွဲဖျက်ရသည်။ ဒုတိယညမှာတော့
မနက်သုံးနာရီ စတိတ်ရှိုးဆိုနေရင်း မိုးရွာလာ၍
ခဏနားသည်။ လေးနာရီမှာ ပြန်ကသည်။
မနက် 7နာရီခွဲအထိ နှစ်ပါးသွားကို ကပြနေသည်။
တတိယညမှာလည်း မိုးဖွားလေးများ ကျ‌သေးသည်။
သို့ပေသိ အနည်းငယ်သာကျ၍ ပွဲပြီအောင်
ကနိုင်ခဲ့သည်။ တတိယညမှာလည်း မနက် 8နာရီမှ
ပွဲသိမ်းသည်။ ပွဲကြည့်သူ မိန်းကလေးငယ်များက
ဇာတ်မင်းသားနှင့် တွဲ၍ ဓာတ်ပုံရိုက်သဖြင့် ပွဲသိမ်း
နောက်ကျခြင်းဖြစ်သည်ဟု သိရသည်။

ပွဲခင်းမှာ ဈေးရောင်းသူအချို့က ဒုတိယရက်မှ
ဈေးလာရောင်းချသည်။ ထိုနောက်ကျ၍ ဈေးရောင်းသူအဖွဲ့က
မြက်ပင်နှင့် ခြုံများရှိရာနေရာမှာ တဲထိုး၍
နေထိုင်ကြသည်။ သူတို့တဲထိုးပြီးအိပ်သည့်အခါ
မြွေကိုခံရသည်ဟု ကြားသိရသည်။ အဆိပ်ရှိသော
မြွေတော့ ဖြစ်မည်မထင်ပါ။ မနက်ပိုင်းမှာ
မြွေကိုက်ခံရသော ဈေးသည်အဖွဲ့က သူတို့တဲများကိုဖျက်၍
ပြန်သွားကြလေသည်။

ဇာတ်ပွဲကြီးပြီးသွားသောအခါ ဇာတ်ပွဲအနီးအနား
ပတ်ဝန်ကျင်၌ အညစ်အကြေးအနံ့များ ကျန်ရစ်ခဲ့သည်။
အမှိုက်များကတော့ မြင်မကောင်းအောင် ပေါများသည်။
သို့ပေသိ ရပ်ကွက်ရုံးမှ ပွဲဖြစ်သဖြင့် အမှိုက်များကို
မနက်ပိုင်းမှာပင် စည်ပင်ကားခေါ်၍ သန့်ရှင်းစေသည်။
ဆယ့်နှစ်ပွဲဈေးသည်များကိုလည်း ချက်ချင်းဖျက်သိမ်း
ခိုင်းသည်။

ပွဲကသည့် ဒုတိယည မနက်ပိုင်း ငါးနာရီမှာ
ကျွန်တော်သည် ပွဲခင်းသို့သွားရောက်ကြည်မိသည်။
ပွဲခင်းသို့သွားရသည်မှာ Hive မှာ ပိုစ့်တင်ဖို့အတွက်
ဖုန်းဖြင့် ဓာတ်ပုံသွားရိုက်ခြင်းဖြစ်သည်။ မနက်ပိုင်း
မမှောင်ခင် ရိုက်ရသဖြင့် ပုံများက ဝါး၍ ကြည်လင်
ပြတ်သားမှုမရှိပေ။ ထိုအပြင် ဇာတ်ပွဲ၏ မီးဆလိုက်များ
ကြောင့် ပုံများက ဖွေးနေသည်။

သို့နှင့် ပွဲစင်အနီးသို့ သွားကာ ရိုက်သည့်အခါမှ
ပုံက အနည်းငယ်ကြည်လင်သည်။ ပုံကြည်လင်ပေသိ
ပွဲစင်အနီးသို့ ကပ်ရသဖြင့် ပွဲ၏ ဆောင်းဘောက်ကြီးများ၏ အသံက နားကို တအုန်းအုန်းဖြင့် ဒုက္ခပေး သည်။ ထိုကြောင့် ဖုန်းဖြင့် ကမန်းကတန်းရိုက်ပြီး နောက်ပြန်ဆုတ်ခဲ့ရသည်။ ဖုန်းဖြင့် ဓာတ်ပုံရိုက်ဖို့
သွားပေသိ ဗီဒီယိုများသာ ရိုက်မိသဖြင့် ပုံမရခဲ့ပေ။ အငယ်မက နှစ်ပါးသား ကတာ ကြည့်ချင်သည့်ပြော၍ ရိုက်ခဲ့သည်။ နှစ်မိနစ်၊ သုံးမိနစ်စာ ဗီဒီယိုရိုက်ပြီး
အိမ်ပြန်လာခဲ့ရပေတော့သည်။

htwegyi@htwegyi
August 24, 2026

ပွဲဟု ကရန် ခုနှစ်သံချီဆွယ် | Ecency