Unhappy

Words
150
Reading
1 min
Listen
Play
8h

Shan Futsal League (SFL) ပကျော့ကတော့ ပြီးခဲ့သော ၃၊ ၄ ရက်နေ့က ပြီးသွားခဲ့ပြီ ဖြစ်၏။ ဒုကျော့ကို ၁၅ ရက်နေ့မှာ ပြန်လည် ကျင်းပမည် ဆို၏။ နားရက် သိပ်မရှိပေ။ ကနဦး Schedule အရဆို တပတ်လောက်သာ နား၏။ ခုက ခရိုင်ပွဲစဉ်တွေ ကျင်းပဖို့ ရှိနေသာကြောင့် ရက်အနည်းငယ် နောက်ဆုတ်လိုက်ခြင်း ဖြစ်၏။ တိုင်းနဲ့ ပြည်နယ် ပြိုင်ပွဲတွေ လာမည် ဖြစ်သောကြောင့် ခရိုင်ပွဲတွေ ကျင်းပခြင်း ဖြစ်၏။ အဲ့ကနေ လူရွေးမယ်ပေါ့။

ပကျော့နှင့် ဒုကျော့ကြားမှာ ကစားသမား အပြောင်းအရွှေ့ လုပ်ခွင့်ပေးထား၏။ လက်ရှိ ယှဉ်ပြိုင်နေသည့် အသင်းတွေထဲကနေပဲ ရှာရှာ၊ ပြိုင်ပွဲဝင်အသင်း ပြင်ပက ကစားသမားတွေပဲ ခေါ်ခေါ် ကြိုက်ရာ လုပ်နိုင်၏။ ကျနော်တို့လည်း လူရှာရပေလိမ့်မည်။ အငယ်အချို့နဲ့ အကြီးအချို့ ဒုကျော့မှာ နားမည်ဆိုတော့ လူက လျော့သွားခဲ့ပြီ။ ၂၀ အထက်က ကိစ္စ မရှိပေမဲ့ ၂၀ အောက်က ရှာရခက်လှ၏။ ၂၀ အောက် ကစားသမားကိုမှ ခြေစွမ်းကောင်းသည့် ကစားသမား အတော် ရှား၏။

ထို့ကြောင့် ၂၀ အထက် ကစားသမားတွေကို အသက်လိမ်ပြီး ၂၀ အောက် လုပ်ကာ ကစားကြခြင်း ဖြစ်၏။ ဒီ အသက်လိမ် ကိစ္စကလည်း ဟိုးယခင် ကတည်းက စတင်လာခဲ့တာ ခုထိ မပြင်နိုင်ကြသေးပေ။ တိတိကျကျနှင့် ပြင်းပြင်းထန်ထန် အရေးယူမှုတွေ မရှိသေးသရွေ့ ဒါကြီးကို လုပ်နေကြပေလိမ့်ဦးမည်။ အသက်လိမ်တာ ရှက်စရာ ‌ဆိုသည့် အတွေးကို ကစားသမားနှင့် အသင်းတွေကပါ သိရှိ နားလည်ဖို့ လို၏။

လူရှာပုံတော် ဖွင့်ရတာက ထင်သလောက် မလွယ်ကူလှပေ။ ဟိုလူကောင်းနိုး ဒီလူကောင်းနိုးနဲ့။ ပြီး သူက ခုပဲ လာတော့မလို နောက်တော့ မလာတော့ဘူး ဖြစ်ပြန်။ ရှိရင်းစွဲ ကစားသမားတွေကလည်း Training ကပျက်နဲ့ အတော်လေး စိတ်ညစ်ရ၏။ ကဒွန် မပျော်ကြောင်း စာစီလိုက်ရင် Hive က မိတ်ဆွေတွေပါ စိတ်ညစ်သွားနိုင်၏။ ရှိစေတော့။

ဒုကျော့ မစမှီ ပြင်ဆင်နိုင်တာ အကုန် ပြင်ဆင်ထားရပေလိမ့်မည်။ လူရှာနေတဲ့ကြားထဲ ရှိတဲ့လူတွေကိုလည်း တိုးတက် ကောင်းမွန်လာအောင် လုပ်ရပေလိမ့်ဦးမည်။ စမိမှတော့ စလျှောက်ရုံပေါ့။

Unhappy | Ecency