ဖတ်ကောင်းသည့် စာ

Words
128
Reading
1 min
Listen
Play
4y

img_0.7621092795142147.jpg

စာအုပ် တအုပ်ဖတ်ပြီး ထိုစာအုပ်မှ အကြောင်းအရာကို
မည်သို့ပြန်ရေးရမည် ပြန်ပြောရမည်ကို
လွယ်မလိုနှင့် ခက်နေသည်။ ထိုစာအုပ်ပါ
အကြောင်းအရာအတိုင်း ကူးရေးချပါရင်တော့
ကော်ပီဖြစ်ပေမည်။

ထိုစာအုပ်ပါ အကြောင်းအရာက ဖတ်ရသည်မှာ
ကိုယ်တွေအတွက် အလွန်ကောင်းသည်။
သို့ပေသိ ကိုယ်တွေအတွက် ဖတ်ကောင်း
ပေမင့် အခြားသူအတွက်မူ ကောင်းချင်မှ
ကောင်းပေမည်။

ဖေမြင့်၏ နှလုံးသားအာဟာရ စာအုပ်ကို
ကိုယ်တွေက ဖတ်ကောင်း၍ နှစ်ကြိမ်ဖတ်သည့်
တိုင် ကြိုက်နှစ်သက်နေသည်။ သို့သော်
အကိုစနေက ထိုစာအုပ်သည် လူငယ်များ
အတွက်သာ ကောင်းသည်။ သူအတွက်
စာအုပ်က မည်သို့ရှိသည်မသိပေ။

စာအုပ်မှာပါသည့် "မဖမ်းကောင်းတဲ့ငါး" ဆိုသည့်
စာက ကိုယ်တွေအတွက် စွဲငြိစေသည်။

မတ်တိန်း၏

ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင်
စာတွေ့ထက်
ကိုယ်တွေ့သင်ခန်းစာများသာ
အစွဲမြဲဆုံးဖြစ်သည်။

ဆယ့်တစ်နှစ်သားအရွယ် ကောင်လေးနှင့် သူ့
အဖေတို့ ငါးမျှားသည်။ ငါးမျှားစဉ် မဖမ်းရသော
ငါးကြီးတကောင်မိသည်။ ထိုငါးကိုဖမ်းဖို့ အချိန်
နှစ်နာရီလိုသည်။ ငါးကြီးက ကြီးသည့်အပြင်
လှပသည်။

သူတို့ကို မည်သူမျှမမြင်၊ သည်ငါးကို ဘယ်အချိန်
ဖမ်းသည် မည်သူမျှမသိ။ သားက ဖမ်းချင်သည်။
အဖေက မဖမ်းဖို့ ပြောသည်။ သားသည်
ဖမ်းမိသော ငါးကြီးကို ရေထဲပြန်လွတ်လိုက်သည်။
ထိုလူငယ်သည် နောင်ကြီးလာသောအခါ
အောင်မြင်သော ဗိသုကာပညာရှင်တဦး ဖြစ်လာသည်။

ဘယ်သူမှ မမြင်သည့်အချိန်မှာ ကျနော်တို့
မဟုတ်တာ လုပ်သလား မလုပ်ဘူးလား၊
ဘယ်သူမှမသိဘူးဆိုပြီး လစ်သည့်အချိန်
လုပ်ငန်းကိစ္စမှာ ခိုသလား မခိုဘူးလား၊
ကိုယ်ကျင့်သီလ ပြည့်ဝ မပြည့်ဝဟူသည်
ကျွန်တော်တို့ အပြုအမူ အပေါ်မူတည်နေမည်။

ထိုစာကို ဖတ်ရသည့်အခါ ကိုယ်တွေ ရုံးမှာ
ကိုယ် ကိုယ်တိုင် အပါအဝင်
အချိန်ခိုးသူက ခိုး၊ ငွေ ခိုသူက ခိုး၊ ပစ္စည်းခိုး
သူက ခိုးနေကြသည်ကို မြင်ရ တွေ့ရ ကြားရ
သည်ကို ပြန်တွေးအောင်းမေ့ နေမိပေတော့
သည်။

htwegyi@htwegyi
17-2-2023

ဖတ်ကောင်းသည့် စာ | Ecency