ငွေ ငွေ ရအောင်ရှာမယ်

Words
142
Reading
1 min
Listen
Play
6y

image

အင်း လောဘသားဆိုတော့ ဘီယာတွေချက်ရောင်း
နေရတာနဲ့ စာတောင်မရေးနိုင်ပါဘူး။

အင်း ဘီယာချက်တော့ စွမ်းအားတွေကုန်တာပေါ့
စွမ်းအားကုန်တော့ စွမ်းအားဖြည့်ရတာပါ့။
စွမ်းအားဖြည့်ဖို့ ဘီယာသောက်ရတာပေါ့။

အယ် အဲ့မယ် သံသရာလည်နေတာ။
ဘီယာသံသရာလည်ခြင်းပ။ ဘီယာချက်လိုက်
အားကုန်တော့ ဘီယာမော့လိုက်နဲ့
အလုပ်တွေဖြစ်လို့။

ဘီယာက အရက်မဟုတ်တဲ့။ ‌အရက်ဟုတ်မဟုတ်
သောက်တဲ့သူတွေပိုသိတာပ။ မူးယစ်ရီဝေ
မိန်းမောစေရင် သူရာအရည်ပါပဲ။
သူက ဆီးတွေရွှင်စေသတဲ့။ ဟုတ်မှာပ
သူက အရက်ထပ် ပိုပြီး အရည်တွေကို ခန္ဓာကိုယ်
ကြီးထဲ ဝင်စေတာပဲ။

ရာသီဥတုများပူပြီဆိုရင် ဘီယာခွက်မှာ
ရေလေတွေသီးပြီး အေးစိမ့်တဲ့ဘီယာလေးများ
သောက်လိုက်ရလို့က အာဂ အာဂ ပါးစပ်ကြီးပ။
ဒါကလည်း တဏှာအလိုလိုက်တာ။
ကျွန်တော်တို့သည် တဏှာနောက် ကောက်ကောက်ပါအောင်လိုက်နေကြတာပါ။

လှတာလေးလည်း မြင်ချင် ရချင် လိုချင်။

ကောင်းတာလေးလည်း စားချင် သောက်ချင်။

ဒါကြောင့် ယမကာလေးများ ထွေလာပြီဆိုရင်
သိပ်ဆိုလို့ကောင်းတဲ့ သီချင်း ဘာတဲ့။

img_0.910692865980163.jpg

"ငွေကိုသာ ရေလို့သုံးရင် တစ်ပြည်လုံးမှာလုပ်သမျှတင့်တယ် အဟဲ"

"ယောက္ခမကြီးက မျက်နှာချိုမယ်
ကိုယ့်မယားလေးက စေတနာပိုမယ်"

"ငွေ ငွေ ရအောင်ရှာမယ်"

ကိုင်း hive ဘော်ဒါသူတော်ကောင်း
အပေါင်းတို့ ငွေကိုသာ ရအောင်ရှာကြကုန်လော့။

ငွေရှိရင် မျက်နှာမငယ်ဘူး။

ငွေမရှိရင် ယောက္ခမအိမ်တက် သားမက်မျက်နှာ
ငယ်သတဲ့။ အဟဲ သီချင်းတစ်ပုဒ်လုံးလည်း
ကုန်တော့မယ်။ အဲ့ဒီတော့ ပြောချင်တာက
ကျွန်တော်တို့ ဘော်ဒါ ကိုဟိန်းကြီးလို
Crytpto မှာ ရသမျှ ဒေါ်လာတွေစုကြ။
သူလို မဟေသီနဲ့ ဖိုးသားလေးကို Crytpto
ရသမျှတွေနဲ့ တင့်တောင်းတင့်တယ်
ထားနိုင်အောင် ကြိုးစားကြ။ အလုပ်ကို
တစ်ခုတင်မကဘူး ငွေရဖို့ကြိုးစားတာ။
အားကျကြစမ်းပါ။ သူလို့ လုံ့လစိုက်ကြပါ။

ဒါတင်ဘာဟုတ်သေး။ ကျုပ်တို့ရဲ့ခေါင်းဆောင်
ကိုဟင်နရီအောင်ဆိုရင် စင်ကပူက ငွေတွေပိုက်ပြီး
ပြန်လာ‌တာတောင် မိန်းမမျက်နှာရအောင်
ဆေးဆိုင်ထိုင်ပေး ရောင်းပေးသေးသတဲ့။
အဲ့ဒါပြောတာ ငွေရအောင်ရှာကြပါလို့။
ရှေ့လူတွေကို အတုခိုး အားကျကြစမ်းပါ။

ငထွေးတို့လို ဘီယာလေးချက်လိုက် သောက်လိုက်
မလုပ်ကြစမ်းပါနဲ့။ ပန်နီထဲကလာ ပန်နီထဲသွားဆိုသလို ဖြစ်နေပါ့မယ်။ အမျိုးသားမြန်မာတို့ရဲ့
ကြိုးစားကြစမ်းပါကွယ်ရို့။

(ပန်နီ=ရေ)

သူများအကြောင်းလဲ မပြောတတ်ပါ
စပ်မိစပ်ရာ ဘာညာကွိကွ 😄😄😄

htwegyi@htwegyi

ငွေ ငွေ ရအောင်ရှာမယ် | Ecency