ငှက်အိမ်

Words
80
Reading
1 min
Listen
Play
3y

img_0.7621092795142147.jpg

ငှက်တို့သည် မည်သည့်အခါ မည်သည့်အကြိမ်
များမှာ ငှက်ကလေးများမွေးကြပါသလဲ။
လူတို့သည် နှစ်နှစ်ခြား၍ ကလေးမွေးသည်။
ငှက်တို့က မည်မျှကြာပါလျှင် ငှက်ကလေးများ
မွေးကြပါသလဲ။

အင်း ပေါက်ပေါက်ရှာရှာ မေးတယ်လို့ မထင်
ပါနဲ့။ ကျွန်တော်အိမ်ရှေ့မှာ ရှိသောငှက်သိုက်မှ
ငှက်မ၏ ငှက်ပေါက်လေးကို တနေ့က ကြောင်
စားသွားကြောင်းရေးပြီးဖြစ်သည်။

ငှက်မ၏ကလေး ကြောင်စားပြီး မကြာ
ယခု သုံးလေးငါးရက်အကြာမှာဖြစ်သည်။
ငှက်မက သူ့အသိုက်ရှိရာ ပြန်လာနေပြန်သည်။
ငှက်ဥမလို့လား။ ဘာလုပ်မလို့လဲဟု ကျွန်တော်တို့
က စပ်စုမိကြသည်။

ငှက်မက ထပ်ပြီး ဥဖို့များလားဟု အမေ့ကို
မေးမိသည်။ အမေ့က သူ့သားသမီးကို
လာရှာသလားမသိဟုပြောသည်။ ကျွန်တော်တို့က
နောက်ထပ်များမွေးဖို့လားဟု အံ့ဩစွာ
ကြည့်မိသည်။

ထိုငှက်မက သူလာသည့်အခါ တကောင်ထဲ
မလာပါ။ ငှက်ဖို ကိုပါ မနီးမဝေးမှာ ထား၍
လာနားသည်။ သူ့ငှက်သို့က်ထဲ ဝပ်၍ ဟိုကြည့်
ဒီကြည့်လုပ်ကာ ပျံသန်းသွားသည်။

တနေ့က တူမ၏ သူငယ်ချင်းက ငှက်အိမ်
တလုံးဝယ်လာသည်။ ငှက်အိမ်ကို သရက်ပင်ပေါ်
တင်ထားသည်။ ငှက်တို့က လာနေ မနေတော့
မသိပါ။ ငှက်အိမ်ကတော့ သရက်ပင်ပေါ်
လှပစွာတည်ရှိနေပေသည်။

htwegyi@htwegyi
2-4-2023

ငှက်အိမ် | Ecency