စီဒီအမ်ဝန်ထမ်းများသည်
အဆိုးထဲမှ အကောင်းဖြစ်သူများဖြစ်ကြသည်။
အဆိုးကြီးလားဆိုတော့မဟုတ်။
အကောင်း၊ ကောင်းတာလည်းရှိသေးတာပ။
ကောင်းဖို့ဖြစ်လာတာဟု တွေးပါက
ကောင်းလာပါလိမ့်မည်။
အခက်အခဲများတော့ ရှိတာပေါ့။
ဒီအခက်အခဲတွေကို ကျော်လွှား
ရင်ဆိုင်ပြီရင် မဝေးတော့တဲ့
ပန်းတိုင် အောင်မြင်မှုက
ရောက်ရှိလာပါလိမ့်မည်။
မိတ်ဆွေ ဝန်ထမ်းတစ်ဦးသည်
သူ့အမျိုးသမီးနှင့် မယ်တရွာ
မောင်တမြို့ ခွဲခွါနေရသည်။
အမျိုးသမီးက အခြားမြို့မှာ
စီပွားရေးရှာကောင်းနေသည်။
ထိုကြောင့်ခင်ပွန်းဖြစ်သူထံ
မလာရောက်နိုင်ပေ။ ခင်ပွန်းဖြစ်သူကလည်း
မိမိတာဝန်ကျရာမြို့မှာနေထိုင်ရသည်။
ကိုယ့်လုပ်ငန်းနှင့်ကိုယ် အတူတွေဖို့
ခက်ခဲနေပေသည်။
ဟော့ ယခုတော့ CDM အကြောင်းပြုလို့
ကောင်းမှု၊ အဲ ကောင်းဖို့ အတူဆုံတွေ့ဖို့
ဖြစ်လာသည်။
နောက်တစ်ဦးက မိသားစုသုံးဦးရှိသည်။
အဖေ ဝန်ထမ်း၊ အမေဝန်ထမ်း၊ သားလေးတစ်
ယောက်ရှိကြသည်။ သားက ငါးနှစ်အရွယ်
ဖြစ်သည်။
ဟော့ ယခုတော့ CDM အကြောင်းပြုလို့
အဖေက ဘုန်းကြီး၊ အမေက သီလရှင်
အသီးသီး ဝတ်ကြပြီးသကာလ
သားတော်မောင်လေးကလဲ
အားကျမခံ ကိုရင်ဝတ်လိုက်ပြန်သေးသည်။
အဲ့တော့ ဘာပြောကောင်းမလဲ
ပရိတ်သတ် အဲ့ဒါကြောင့်
ကောင်းဖို့ ဖြစ်လာတာပါလို့။
@htwegyi
10-7-21