ကျွန်တော်တို့ရွှေမန်းတလေး ချမ်းပြန်ရင်အေး၊
ပူပြန်ရင်အိုက်၊ ခြင်တွေက ကိုက်၊ ဘုရားပွဲတွေ
ကလည်း မိုက်၊ မိုက်တယ်ဆိုတာ ကာရံယူလိုက်ရတာ။ ဟိုးအရင် ကျွန်တော် ငယ်စဉ်အချိန်က မိုက်ခဲ့တာ။ ယခုအခါမှာတော့ ဘုရားပွဲများက အဖြစ်သာ
လုပ်နိုင်ကြတော့သည်။ ဟိုအရင်လို မမိုက်တော့ချေ။
အခြေအနေ အချိန်အခါ တို့ပြောင်းလဲသွားခဲ့သည်။
မန်းသူ မန်းသားတို့ကလည်း မြို့ထဲတွင် အလွန်နည်း
ပါးသွားခဲ့ပြီဖြစ်သည်။
ဝါတွင်းကာလ ဆွမ်းတော်ကြီးပွဲများ ရှိသေးတာပင်
ဦးဆောင်ပြုလုပ်သူများနှင့် လိုက်ပါသူ လူငယ်လေးများကို ကျေးဇူးတင်ရပါသည်။ မကြာမီ ဝါဆို
ဝါခေါင် ရောက်ပေတော့မည်။ ဝါတွင်းကာလတွင်
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်အစား၊ ဥပုသ်၊
တနင်္ဂနွေ နေ့များကို ပြောင်းလဲပိတ်ပေးသည်။
ကျောင်းသားကလေးငယ်တို့က ဝါတွင်း
ဆွမ်းတော်ကြီးအလှူခံရာသို့ လူကြီးများနှင့်အတူ
လိုက်ပါကြသည်။ လူငယ်မောင်မယ်များ ဆွမ်းကြီး
ခံထွက်ကြသည့်အခါ မြင်ရသည်မှာ ကြည်နူးဖွယ်
ကောင်းပေသည်။
အဆိုပါမြင်ကွင်းများသည်က မန္တလေး၏ ပုံရိပ်၊
မန္တလေး၏ကြက်သရေ၊ မန္တလေး၏ ဂုဏ်နှင့်
မန္တလေး၏ပုံစံကို ပုံဖော်ပေးနေသည်ပင်။
မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း ဒေသ
ဖြစ်သည်နှင့်အညီ မြန်မာပြည်အရပ်ရပ်မှ
စားသောက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား
ရောက်ရှိသည်။ မန္တလေး၏ စားသောက်ဖွယ်ရာများက မည်သည့်ဒေသနှင့်မတူ ထူးကဲကောင်းမွန်လှ
သည်။
မန္တလေးနန်းကြီးသုပ်၊ ခိုတောင်မုန်တီ၊ ထိုးမုန့် လမုန့်၊
လက်ဖက်နှင့် ရှမ်းခေါက်ဆွဲများက မန္တလေးရဲ့
အရသာရှိလှသည့် မုန့်များဖြစ်သည့်အပြင်
လက်ဆောင်ပေးရာတွင် မျက်နှာပွင့်လှသည်။
မန္တလေးသားဖြစ်သော ကျွန်တော်သည်
ဘုရာဖူးသွားရောက်ရာ ဒေသများရှိ အစားအစာ
များကို စားသောက်ရာတွင် ကိုယ့်မန္တလေးရဲ့
အစားအစာများလောက် ခံတွင်းမတွေ့လှပေ။
ကျွန်တော်တို့ မန္တလေးရှိ နာမည်ကြီးလှသည့်
အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချ
ရာတွင် ထူးခြားမှုရှိသည်။ ထိုထူးခြားမှုကို
ကျွန်တော် ငယ်စဉ်ကပင် သတိထားမိသည်။
မန္တလေးမြို့ဖြစ်၍ ”မ” နှင့်စသဖြင့် အမျိုးသမီး
အမည်ဖြင့် ရောင်းချသည့် စားသောက်ကုန်နှင့်
အခြား ပစ္စည်းများမှာ အများအားဖြင့် နာမည်ကြီး
လေသည်။ ကျွန်တော်သိရသလောက် ရေးမိပါ
သည်။ မိတ်ဆွေတို့မှ အခြားသိရှိသောအရာများ
ရှိပါသေးလျှင် ရေးသားဖြည့်စွက်ပေးကြပါရန်
ဖိတ်ခေါ်မှု ပြုလိုက်ပါသည်။
၁။ နဂါး ဒေါ်ဦး ဆေးလိပ်
၂။ ဒေါ်သီ သနပ်ခါး
၃။ အရီးတောင်း လက်ဖက်
၎။ ဒေါ်မြရင် ဝက်အူချောင်း
၅။ ဒေါ်ရှိ နှမ်းမနှဲ
၆။ မော်မော်စန်း ထိုးမုန့်
၇။ဒေါ်ခင်စိန် ထိုးမုန့်၊ လမုန့်
၈။ မြင်မြင့်ခင် ထိုးမုန့်၊ လမုန့်