”ငါဟာ လမင်းတစ်စင်းဖြစ်ခဲ့ရင်
ညှို့အားကောင်းတဲ့ ပင်လယ်ဟာမင်း”
စာရေးဆရာ၊ အဆိုတော်တွေက ရေးစပ်ကြတဲ့
ဖော်ပြပါ စာသားလေးက အလွန်လှပသည့်စာသား
လေးပါ။
#လမင်း
ညအချိန်မှာ သူ့အလင်းက တန်ဘိုးရှိသည်။
တောတောင် မှောင်မိုက်သည့်နေရာနှင့် လျှပ်စစ်မီး
မရရှိသည့် ဒေသများမှာ လမင်း၏ အလင်းရောင်ကို
တောင့်တမက်မောကြသည်။ လမင်းအလင်းကို
မျှော်လင့်စောင့်စား၍ အားကိုးမှုပြုကြသည်။
#ပင်လယ်
လူသားတို့အတွက် ဟင်းချက်ရာတွင် မရှိမဖြစ်
ဆားကို ထုတ်လုပ်ပေးသည်။ ပင်လယ်မှထွက်ရှိသော
ရေထွက်ပစ္စည်းများကလည်း သူ့တန်ဖိုးအလျှောက် အကျိုးရှိလှသည်။
လမင်းနှင့် ပင်လယ်သည် လိုက်ဖက်သည့်အတွဲဆိုပါလျှင် သတိထားရမည်မှာ....
လမင်းကို တိမ်မဲညိုတို့ ဖုံးအုပ်သွားသည့်အခါ
ပင်လယ်သည် ဒေါသူပုန် လှိုင်းတို့ထန်ပေလိမ့်မည်။
(အဟမ်း အဟမ်း...ဆိုလိုချင်သည်က...
လမင်းဆိုသော အသင်ယောက်ျားသည်
သာယာမှုပေးသဖြင့် တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာ
တို့က အပါးမှာ ဝိုင်းဝိုင်းလည်သည်။
အထူးသဖြင့် တိမ်မဲညိုမလေးကတော့
အသံပေးပြီး လက်လက်ထကာ လမင်းကို
သိမ်းပိုက်လိုက်သောအခါ ...
ပင်လယ်ဆိုသည့် မူပိုင်ရှင်မကြီးက
ဒေါသ လှိုင်းထန်ကြီးလေတော့သတည်း။)