ကိုဗစ်အလွန် တိုက်ပွဲ

Words
47
Reading
1 min
Listen
Play
5y

image

ကိုဗစ်က အိမ်ထဲအထိ တံခါးဖွင့် ဝင်ရောက်ခဲ့လေပြီ။
ဒီဇင်ဘာခရစ္စမတ်နဲ့အတူ အိမ်သို့ရောက်ရှိခဲ့သော
ငဗစ်သည်ကား အိပ်မက်ဆိုးတို့မက်စေသည်။
တစ်အိမ်လုံးဝင်ရောက် မွှေနှောက်ယှက်ခဲ့သည်။

တိတ်တဆိတ်နဲ့ ရောက်လာသော ငဗစ်သည်
တိတ်တဆိတ်ဖြင့် ထွက်ခွါသွားသည်။
သို့သော် စိုးရိမ်မှု၊ ထိတ်လန့်မှုတို့ကို
ဖြစ်စေခဲ့သည်။ အဆိုးထဲက အကောင်းဆိုသလိုကံကောင်းစွာဖြင့် ငဗစ်ရိုက်ခတ်မှုက
အေးဆေးစွာပြီဆုံး၍ တော်သေးသည်။

img_0.4541675631879751.jpg

ကိုဗစ်ဖိနှိပ်မှုက ကျွန်တော်တို့မိသားစု
ကျောကော့အောင် ခံစားခဲ့ရသည်။
အသက် 85 နှစ်ကျော် လေဖြတ်ဝေဒနာသည်
မိခင်ကြီးပင် ကိုဗစ်ကြောင့် ပစ်လိုက်ရတော့
မည်ဟု စိတ်ဆင်းရဲစွာ ခံစားခဲ့ကြရသည်။
ယခု ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟု
စစ်ကောင်စီမှ သတင်းကြားရသည်။
ကာကွယ်ဆေးထိုးဖို့ထက် ပြည်သူတို့က
ဓမ္မအောင်ပွဲကိုမျှော်လင့် စောင့်စားနေကြသည်။

htwegyi@htwegyi

ကိုဗစ်အလွန် တိုက်ပွဲ | Ecency