မနေ့ မနက် ၇ နာရီခွဲ ပွဲစဉ်မှာတော့ Messi က အကောင်းဆုံး ကစားပြသွားခဲ့လေ၏။ Argentina အနေဖြင့် Algeria ကို ၃-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ၃ ဂိုးလုံးကို Messi က သွင်းယူသွားခဲ့ခြင်း ဖြစ်၏။ ၁၇ မိနစ်၊ ၆၀ မိနစ်၊ ၇၆ မိနစ်တို့မှာ သွင်းယူသွားခဲ့ခြင်း ဖြစ်၏။ ယခု Hat-trick ဂိုးကြောင့် ကမ္ဘာ့ဖလားမှာ အသက်ကြီးဆုံး Hat-trick သွင်းယူနိုင်သည့် ကစားသမား အဖြစ် စံချိန်တင်သွားခဲ့လေ၏။ အသက် ၃၈ နှစ်၊ ၃၅၇ ရက်မှာ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်၏။
ယခင် စံချိန်ရှင်ကတော့ Ronaldo ဖြစ်၏။ အသက် ၃၃ နှစ်၊ ၁၃၀ ရက်မှာ Spain အသင်းကို Hat-trick သွင်းယူခဲ့ခြင်း ဖြစ်၏။ Messi အနေဖြင့် Klose ၏ ကမ္ဘာ့ဖလား သွင်းဂိုး ၁၆ ဂိုး (ဂိုးသွင်း အများဆုံး) စံချိန်နှင့် တူသွားခဲ့ပြီ ဖြစ်၏။
မနက် ၁၀ နာရီခွဲမှာတော့ Austria vs Jordan ပွဲစဉ်မှာ Austria က ၃-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ မနေ့ည ၁၁ နာရီခွဲမှာတော့ Portugal vs Dr Congo ပွဲစဉ် ကစားသွားခဲ့၏။ တဖက် ၁ ဂိုးစီ သရေဖြင့် ပွဲပြီး သွားခဲ့လေ၏။ ပွဲစပြီး ၆ မိနစ်မှာတင် Portugal တို့ ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ၄၅+၅ မိနစ်မှာ Dr Congo က ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့၏။
ဒုတိယပိုင်းမှာ Portugal တို့ တောက်လျောက် ဖိအားပေး ကစားခဲ့ပေမဲ့ နားလည်မှုနှင့် ချိတ်ဆက်မှုတွေမှာ အတော်လေး အားနည်းနေခဲ့၏။ ယခု ပုံစံလိုသာဆို Portugal အနေဖြင့် အတော်လေး ကြိုးစားဖို့ လိုမည် ဖြစ်၏။
မနက် ၂ နာရီခွဲမှာတော့ England vs Croatia ပွဲစဉ် ကစားသွားခဲ့၏။ ပြိုင်ပွဲ မတိုင်ခင် လူစာရင်းကြောင့် ဝေဖန်သံတွေ များစွာ ထွက်ပေါ်လို့ လာခဲ့သေး၏။ ရွေးချယ်သင့်တဲ့သူတွေ အရွေးမခံရဘူး အစရှိသဖြင့်ပေါ့။ အဆိုပါ ဝေဖန်သံတွေက အုပ်ုအဖွင့်ပွဲစဉ်မှာ အသံတိတ်သွားစေခဲ့၏။ Croatia ကို ၄-၂ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်းမှာ တဖက် ၂ ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်း ရောက်မှသာ England တို့ နောက်ထပ် ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်၏။ ပွဲက အပြန်အလှန် အကြိတ်အနယ် ရှိလှ၏။
မနက် ၅ နာရီခွဲမှာတော့ Ghana vs Panama ပွဲစဉ် ကစားသွားခဲ့၏။ မိနစ် ၉၀ ပြည့်သည်အထိ နှစ်သင်းလုံး အနေဖြင့် ထိရောက်သော ထိုးဖောက် တိုက်စစ်ဆင်မှုတွေကို မတွေ့ရပေ။ Ghana အသင်းက အခွင့်အရေး အနည်းငယ် ပိုရသည်ဟု ပြောလို့ရ၏။ ၉၀+၅ မိနစ်မှာတော့ Ghana အသင်း ဦးဆောင် အနိုင်ဂိုး သွင်းယူသွားခဲ့လေ၏။ မနက် ၈ နာရီခွဲမှာ Uzbekistan vs Colombia ပွဲစဉ် ကစားမည် ဖြစ်၏။
(photos from FIFA World Cup page)