ကလေးနှင့် ပုရွက်ဆိတ်

Words
218
Reading
1 min
1h
Listen to this post
~1 min

ကလေးတယောက်မွေးဖို့ မမွေးခင်ကပင် ကြိုတင်၍
ပစ္စည်းများဝယ်ထားသည်။ ကလေးမွေးသည့်အခါ
လိုအပ်သော ပစ္စည်းများကို ဘေဘီစတိုးဆိုသည့်
ဆိုင်များမှ အားလုံးရရှိပေသည်။ ခေတ်ကာလက
တိုးတက်သောခေတ်ဖြစ်၍ ဘေဘီလေးနှင့် မိခင်
တို့အတွက် လိုအပ်သမျှပစ္စည်းများကို တနေရာထဲမှာပင်
ရရှိသည်။ ကိုယ်တွေပင် မသိသော လိုအပ်သော၊
မလိုအပ်သော ပစ္စည်းများစွာကို ရောင်းချပေးသည်။

ကျွန်တော့်တူမ ဇနီးမောင်နှံက သူရို့ရဲ့ သားဦးဖြစ်၍
ကြိုတင်ကာ ပစ္စည်းများဝယ်ထားသည်။ ကျွန်တော့်အမ
က ညည်းကို မွေးတုန်းက အဲ့သဟာတွေ ငါဖြင့်မဝယ်
ပါဘူး။ မြင်လည်း မမြင်ဘူးခဲ့ပါဘူး။ ဆေးရုံကြီးမှာ
ငါလည်း ညည်းကို ဗိုက်ခွဲမွေးခဲ့တာပါပဲ။ ညည်းတို့လို
အဲ့သလို တိုလီမိုလီ အတိုအထွာတွေမဝယ်ပေါင်။
အဓိက ကလေးအနှီးသာဝယ်ရတာ။ ဟာ အမေတို့
ခေတ်နဲ့ အခုခေတ်က တူတာမှမဟုတ်တော့တာ။

တူမ ပြောသည်ကလည်းမှန်ပါသည်။ အမ သူ့သမီးကို
မွေးစဉ်က ယခု တူမ မွေးသလို ကျွန်တော်တို့ အမကို
သတိမထားမိခဲ့ပေ။ အမက မန်းပြည်သူ့ဆေးရုံကြီးမှာ
ဗိုက်ခွဲပြီး ခုနှစ်ရက်နေခဲ့ရသည်ဟု ပြောသည်။
ယခု တူမ မွေးတော့ ပြင်ပဆေးရုံမှာ တစ်ရက် တစ်ညသာ
နေခဲ့ရသည်။ အမတို့ခေတ် ဗိုက်ခွဲမှုနှင့်
ယခုခေတ် ဗိုက်ခွဲမှုက ကွာခြားသည်။ အမကို
ဗိုက်ခွဲသည်က ချက်မှ အောက်သို့ အပေါ်မှ အောက်သို့
ခွဲသည်။ တူမ ဗိုက်ခွဲသည်က ဗိုက်အရစ်အတိုင်း ဘေးတိုက်
ခွဲသည်ဟု ပြောသည်။ အမ ခွဲစဉ်က
ချုပ်ရိုးများပါရှိသည်။ တူမ ဗိုက်မှာ ချုပ်ရိုးများ
မရှိပေ။ နည်းပညာထွန်းကားမှုက ကောင်းတာရှိသလို
ဆိုးတာလည်းရှိပေမည်။

အင်း ရေးရင်းနဲ့ အဓိက အကြောင်းအရာ ပျောက်
သွားပေသည်။ တူမ က သူ့သားအတွက် အိပ်ရာခင်း၊
ခေါင်းအုံး၊ ဖက်လုံး နှင့် ခြင်ထောင်ပါသော အရာလေး
ဝယ်ခဲ့သည်။ ထိုပစ္စည်းကို မမွေးခင်က ဝယ်ယူခဲ့သည်။
ဘေဘီပစ္စည်းများရောင်းသည့်ဆိုင်မှ ဝယ်ယူခဲ့ခြင်း
ဖြစ်သည်။ ထိုဆိုင်မှာ ပန်းရောင်တမျိုးတည်းသာရှိသည်။
သူမ မွေးမှာ ယောင်္ကျားလေးဖြစ်၍ ပန်းရောင်
မလိုချင်ပေသိ ရသည့်အရောင်သာ ဝယ်ခဲ့ရသည်။
ထို အိပ်ရာခင်းလေးက ကလေးတဦးအတွက် ချစ်စရာ
လေးဖြစ်သည်။

သို့ပေသိ ထိုအိပ်ရာခင်းအစုံလေးက ကျွန်တော်တို့
အိမ်နှင့် အဆင်မပြေပေ။ အထူးသဖြင့် ကလေးရဲ့
ဖက်လုံးလေးဖြစ်ပေသည်။ အခြားအရာများက
အသုံးပြု၍ ရပေသေးသည်။ ကလေးဖက်လုံးလေးက
လုံးဝ အသုံးမပြုရဲပေ။ ဘာကြောင့်လဲဆိုတော့
ထိုဖက်လုံးလေးအတွင်း ထည့်ထားသော စီလီကွန်ဆိုလား၊
ဖော့ဆိုလား၊ ရေမြုပ်ဟု‌ေခါ်ရမလား
အဲ့သဟာများက ပြဿနာဖြစ်သည်။ ထို ဖက်
ခေါင်းအုံးလေးအတွင်းသို့ ပုရွက်ဆိတ်များက အိမ်ဖွဲ့
ကာနေကြသည်။ မည်သို့ ပြုလုပ်လုပ် နေလှန်
ခါရမ်း ပုတ်ထုတ်ပါ သော်လည်း ခဏသာ။
ပုရွက်ဆိတ်များက ပြန်၍ ရောက်ရှိလို့သာလာပေသည်။

ထိုသို့ ပုရွက်ဆိတ်များ ဝင်ရောက်နေသည်မှာ
မည်သည့်အချိန်က ရောက်သည်ကို မသိရပေ။
ကလေးကို ရေချိုးပေးသည့်အခါ ကြောပြင်မှာ အနီ
စက်များ သုံးလေးခု တွေ့ရပါမှ ပုရွက်ဆိတ် ကိုက်သလား၊
ခြင်ကိုက်သလား ဘာကိုက်သလဲဟု
သတိထားမိသည်။ အလွယ်တကူ အသုံးပြု၍
ရသော ပစ္စည်း၊ လှပသော ပစ္စည်းများက
ကိုယ့်ပတ်ဝန်းကျင်နှင့် ကိုက်ညီမှသာ အဆင်
ပြေပေမည်။ မြေးပေါက်စ၏ စီလီကွန်ဖက်လုံးက
သူ မဖက်ရပဲ ပုရွက်ဆိတ်အုံအတွက် အိမ်ဖြစ်၍
နေပေ‌တော့သည်။

htwegyi@htwegyi
November 8, 2026

ကလေးနှင့် ပုရွက်ဆိတ် | Ecency