EPL Round 10 ပွဲစဉ်တွေ တဖန် ပြန်လည် ရောက်ရှိလို့လာခဲ့ပြီ။ ဒီတပတ်မှာလည်း ပွဲကောင်းတွေ ပါဝင်လာ၏။ ဥရောပ ပြိုင်ပွဲတွေ ကစားထားသည့် အသင်းတွေအဖို့ ပွဲပန်းမှုတွေ ရှိနိုင်ပေမဲ့ ကျန်အသင်းတွေကတော့ အင်ပြည့်အားပြည့်နဲ့ ကစားသွားဖို့ ရှိနေ၏။ ဒီတပတ် UCL မှာ နိုင်ပွဲ ပြန်ရှာတွေ့ခဲ့သည့် United အနေဖြင့် စိတ်ဓါတ်ရေးရာမှာ အတိုင်းအတာ တခုထိ ပြန်လည်လို့ မြှင့်တက်လာနိုင်ကောင်းပါ၏။ ဒီတပတ်မှာ Aston Villa အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်၏။
မနက် ၂ နာရီခွဲမှာ ကစားသွားသည့် Round 10 ၏ အဖွင့်ပွဲစဉ် ဖြစ်သည့် Everton vs Coventry ပွဲစဉ်မှာ Everton က ၃-၁ နဲ့ အနိုင်ရသွားခဲ့၏။ ဒီရာသီမှာ Everton, Bournemouth, Brighton တို့ ခြေစွာနေကြ၏။ နိုင်ပွဲတွေ ဆက်ပြီး ဇယားထိပ်နား တက်လှမ်းလာနိုင်သည့် Tottenham ကတော့ Leeds နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။
ဇယားထိပ်ဆုံးမှာ ပူပူနွေးနွေးရပ်တည်နေတဲ့ Arsenal ကတော့ တန်းတက်ထဲမှာ ခြေစွာနေသည့် Hull City ကို အိမ်ကွင်းမှာ လက်ခံကစားမည် ဖြစ်၏။ ခြေစွာနေတယ် ဆိုမှ နောက်ဆုံး ၅ ပွဲ ကစားပြီးချိန် Hull City တို့ အနိုင်မရထားပေ။ သရေနှင့် အရှုံးပွဲတွေသာ များနေခဲ့၏။ Arsenal အိမ်ကွင်းဆိုပေမဲ့ Hull City က မထင်မှတ်တာတွေ ထပြီး လုပ်ပြသွားမှာကိုလည်း စိတ်ပူရပြန်သေး၏။
ည ၉ နာရီခွဲမှာ Fulham vs New Castle တို့၏ ပွဲစဉ်လည်း ရှိနေပါသေး၏။ ၂ မှတ်အကွာ အဆင့် ၁၃ နဲ့ ၁၅ မှာ ရပ်တည်နေတဲ့ အသင်းတွေမို့ New Castle နိုင်သွားရင် အမှတ်ပေး ဇယား အပြောင်းအလဲ မရှိပေမဲ့ Fulham နိုင်သွားရင်တော့ အပြောင်းအလဲ ရှိလာနိုင်၏။
မနက် ၁၂ နာရီမှာတော့ Nottm Forest vs Man City တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ Arsenal ကို ဖိအား ပြန်ပေးနိုင်ဖို့ City တို့ အမှတ်ရယူနိုင်ဖို့ လို၏။ တဖက်မှာလည်း အဆင့် ၁၉ နေရာ ရောက်နေသည့် Nottm Forest အနေဖြင့် အမှတ်လိုအပ်ချက်က များနေ၏။ City အနေဖြင့် Nottm Forest ကို ဖြတ်ကျော်နိုင်ပါ့မလားကတော့ စောင့်ကြည့်သွားရုံသာ။
(photos from EPL page)