City Lose Again

Words
212
Reading
1 min
43m
Listen to this post
~1 min

EPL မှာ ၃ ပွဲဆက်တိုက် နိုင်ပွဲ ရထားတဲ့ Tottenham တို့ ဒီတပတ်မှာ Leeds ကို အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့ရပါတယ်။ Leeds အတွက် ၁ လုံးထဲသော အနိုင်ဂိုးကို Okafor က ၇၉ မိနစ်မှာ သွင်းယူပေးသွားခဲ့တာပါ။ Tottenham တို့ နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ပါတယ်။ Arsenal vs Hull City ပွဲစဉ်မှာတော့ Arsenal ကပဲ ၇၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ၁ လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ထားပါတယ်။

Fulham vs New Castle ပွဲစဉ်မှာတော့ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ ၂ သင်းလုံး သွင်းဂိုးတွေကို မိနစ် ၈၀ ကျော်မှပဲ သွင်းယူသွားနိုင်ခဲ့ပါတယ်။ သရေ တမှတ်စီ ခွဲယူသွားတာမို့ သူတို့ ၂ သင်းရဲ့ အမှတ်ပေး ဇယား ရပ်တည်မှုက အပြောင်းအလဲ မရှိ သူ့နေရာနဲ့ သူပါပဲ။

လိုက်လေ ဝေးလေ ဖြစ်နေတာက City ပါ။ ရှေ့တပတ်မှာ Brighton ကို ရှုံးနိမ့်သွားတာကြောင့် အဆင့် ၂ နေရာကို ဆင်းပေးထားရတာပါ။ အမှတ်ကွာဟမှု မများသွားဖို့ ဒီနေ့ပွဲစဉ် အနိုင်ရဖို့ လိုပါတယ်။ ဒါပေမဲ့ Nottm Forest ကို အဝေးကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ အဆင့် ၁ နေရာက Arsenal နဲ့ ၆ မှတ်ကွာ အနေအထားသို့ ရောက်သွားခဲ့ရပါတယ်။ Brighton သာ Brentford ကို အနိုင်ရသွားခဲ့ရင် Brighton ရဲ့ ကျော်တက်ခြင်းကိုလည်း ခံရဦးမှာ ဖြစ်ပါတယ်။

Brighton vs Brentford ပွဲ အပါအဝင် ဒီနေ့မှာ ၅ ပွဲ ကစားသွားဖို့ ရှိနေပါတယ်။ Brighton vs Brentford ပွဲကတော့ ကြည့်ကောင်းဦးမှာပါ။ အထက်မှာ ပြောခဲ့တဲ့အတိုင်း အနိုင်ရရင် အဆင့် ၂ နေရာကို တက်လှမ်းနိုင်မှာမို့ Brighton တို့ အားကုန်ထုတ် ကစားသွားဖို့ ရှိနေပါတယ်။ Crystal Palace vs Liverpool ပွဲစဉ်ကလည်း စောင့်ကြည့်ရမယ့် ပွဲစဉ်ပါပဲ။ တန်းဆင်းဇုန်ကနေ လွတ်အောင်ရုန်းရမယ့် Crystal Palace နဲ့ ဇယားအထက်နား တက်ချင်တဲ့ Liverpool တို့ တွေ့ဆုံနေတာမို့ပါ။

၈ နာရီခွဲ ပွဲစဉ်များ ပြီးရင် ည ၁၁ နာရီမှာတော့ Man United vs Aston Villa တို့ရဲ့ ပွဲစဉ် ရှိနေပါတယ်။ စိတ်ဒုက္ခ ဆက်ပေးဦးမလား ပျော်ရွှင်စေမှာလားကတော့ စောင့်ကြည့်ရပါလိမ့်ဦးမယ်။ ကြားရက် UCL ပွဲစဉ်မှာ Roma ကို ၂ ဂိုး ရှုံးနေရာကနေ နောက်ကလိုက်လံကစားပြီး ၃-၂ နဲ့ အနိုင်ယူခဲ့တဲ့ စိတ်မျိုးနဲ့ ကစားရင် Aston Villa ကို အနိုင်မယူနိုင်စရာ အကြောင်း မရှိပါဘူး။ ည ၁၁ နာရီဆိုတော့ လျှပ်စစ်မီး အဆင်ပြေရင် ကြည့်ရဦးမပေါ့။

(photos from EPL page)

City Lose Again | Ecency