ကျွန်တော်သည် ကလေးငယ်များကို ချစ်တတ်
သူဖြစ်သည်။ ကျွန်တော်တို့ steemit အဖွဲ့သားများဖြစ်သည့် ကိုဟိန်း တွင် ချစ်စရာကောင်းသော
သားဦးလေး မွေးဖွားခဲ့သည်။ ထိုအပြင်
@sheinthu တွင်လည်း ချစ်စရာကောင်းသော
သမီးလေးတစ်ယောက် ရှိသည်။ သားသား မီးမီး
များဖြင့် ဘဝတွေ ချမ်းမြေ့ပျော်ရွှင်ကြပါစေကြောင်း
ထပ်လောင်းဆုတောင်းမေတ္တာပို့သပါသည်။
ကလေးငယ်များအတွက် ကလေးငယ်များနှင့်သက်ဆိုင်သည့် ကလေးနတ်များအကြောင်း
ဗဟုသုတရရန် တင်ပြလိုက်ပါသည်။
ကလေးများနှင့်သက်ဆိုင်သည့်နတ်များတွင်
မနဲမိနတ်နှင့် လေးကျွန်းမောင်တို့ဖြစ်သည်။
မနဲမိသည် အိမ်တွင်းမင်းမဟာဂီရိ ဦးတင့်တယ်၏
တူမဖြစ်သည်။ မမနဲ ဟုလည်း ခေါ်တွင်သည်။ပုခက်တွင်းရှိ ကလေးငယ်များနှင့်
သက်ဆိုင်သော နတ်တပါးဖြစ်သည်။
မနဲမိကို ရွှေပုခက်ရှင်ဟုလည်း တင်စား
ခေါ်ဝေါ်ကြသည်။
မနဲမိ အတွက် နှစ်စဉ်ပွဲကျင်းပသည့်နေရာမှာ
ဆီမီးခုံတွင်ဖြစ်သည်။ ဆီမီးခုံသို့ သွားလိုပါက
မြင်းခြံမြို့မှ ကားဖြင့်လည်းကောင်း၊ ဧရာဝတီမြစ်ကြောင်းဖြင့်လည်းကောင်း သွားနိုင်သည်။
နှစ်စဉ် တပေါင်းလပြည့်ကျော် 7 ရက်နေ့မှ
11 ရက်နေ့အထိ ကျင်းပသည်။
လေးကျွန်းနတ်သည် တကောင်းပြည့်ရှင်ကြီး၏
သားတော်တစ်ပါးဖြစ်သည်။ လေးကျွန်းမောင်အား
ကိုယ်ဝန်လွယ်စဥ်၊ မွေးဖွားလာပါက ဘုရင်ကြီးနှင့်
မိဖုရားတို့အား ခိုက်လိမ့်မည်ဟု နန်းတွင်းပညာရှိ
တို့က ဟောပြောသည်။ မွေးလာသည့်အခါ
အိုးတစ်လုံးတွင်ထည့်၍ မြစ်အတွင်းမျှောလိုက်
သည်။ တံငါသည်တို့က တွေ့သော်လည်း
ကြောက်ရွံ့သဖြင့် ထိုအိုးကို ဆယ်ယူခြင်းမပြုပေ။
ထိုကြောင့် ကလေးမှာ အသက်မရှင်ဘဲ သေဆုံးသွားသည်။ အသက်မရှိတော့သည့် ကလေးနှင့်
အိုးကလေးကို ရွာတစ်ရွာမှ ဆယ်ယူကြသည်။
ထိုရွာကို "ဆည်သည့်ရွာ" (ဆည်တက်ရွာ) ဟု
အမည်တွင်သည်။ ဆည်တက်ရွာကို မကွေးတိုင်း၊
ရေစကြိုမြို့နယ်၊ မြေတော်ကျေးရွာအုပ်စုတွင်
ပါဝင်သည်။ ဧရာဝတီ အနောက်ဘက်ကမ်းတွင်
တည်ရှိသည်။
နှစ်စဉ် တပေါင်းလပြည့်ကျော် 1 ရက်နှင့် 2 ရက်နေ့များတွင် လေးကျွန်းမောင်နတ်ပွဲကို ဆည်သည့်ရွာ
တွင် ကျင်းပပြုလုပ်သည်။ လေးကျွန်းမြင့်မိုရ်
တစ်ခုလုံးကို စောင့်ရှောက်သူဖြစ်သဖြင့်
ဤအမည်တွင်ခြင်းဖြစ်သည်။
@htwegyi
MSC.036