Match Day

Words
145
Reading
1 min
Listen
Play
21d

ဒီနေ့ ကျနော်တို့ အသင်း အနေဖြင့် SFL Week 3 ပွဲစဉ် အဖြစ် ရွှေညောင် ကိုယ်စားပြု အသင်း ဖြစ်သည့် Hobby United နဲ့ ကစားရမည် ဖြစ်၏။ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေး ဇယားမှာ သူတို့က ကျနော်တို့၏ အထက်မှာ ရပ်တည်နေ၏။ ဒီနေ့ ကျနော်တို့ နိုင်ခဲ့ရင်တော့ အမှတ်ပေး ဇယား အပြောင်းအလဲ ဖြစ်ပေါ်ပေလိမ့်မည်။ နိုင်အောင် ကစားမှလည်း ရမည်။

League ပြိုင်ပွဲဝင်အသင်းတွေမှာ နှစ်မျိုး‌ကွဲနေ၏ ပိုကောင်းသည့်အသင်းနှင့် အလယ်အလတ် အသင်း ဆိုပြီးတော့ပေါ့။ တော်တော်လျော့သည့် အသင်း၊ တော်တော်ကောင်းသည့်အသင်း ဆိုပြီးတော့ မရှိပေ။ ပြည်နယ် လက်ရွေးစဉ်ကစားသမားတွေ တသင်းထဲမှာ အကုန်စုပြီး ရှိနေတာမျိုး မဟုတ်ဘဲ အသင်းအများစုမှာ မျှပြီး ရောက်နေခြင်းကြောင့်လည်း ပါမည်။

ကျနော်တို့အသင်း အနေဖြင့် ရှေ့ ၂ ပွဲက အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံး ကြိုးစားကစားဖို့ လိုမည် ဖြစ်၏။ ကျန်တာတွေထက် ပြိုင်ပွဲ ကျင်းပရာ နေရာကို သွားရတာက အချိန်တခု ပေးနေရ၏။ မိနစ် ၂၀ လောက် မောင်းရ၏။ လမ်းကောင်း လမ်းရှင်းနေရင်ပေါ့။ ပြည်ထောင်စု လမ်းမကြီး ဖြစ်နေလို့ သွားလမ်း လာလမ်းသာနေလို့ တော်သေးသည် ဆိုရမည်။

ဒီနေ့ ကျနော်တို့ ပွဲစဉ်ပြီးရင် ထပ်မံ ကစားမည့် ပွဲစဉ် ၂ ပွဲကလည်း ကောင်း၏။ အင်အားကြီး အသင်းတွေ ထိပ်တိုက် ဆုံကြသည့် ပွဲစဉ် ဖြစ်၏။ ကိုယ်တွေပွဲပြီးရင် သူတို့ပွဲ ဆက်ကြည့်ဖို့တော့ တွေးထား၏။ ခြေစွမ်းနဲ့ ကစားကွက်တွေကို လေ့လာထားရမယ် မလား။

ဒီနေ့မှာ EPL ပွဲစဉ်တွေလည်း စတင် ကစားမည် ဖြစ်၏။ အဖွဲ့ပွဲစဉ်ဖြစ်သည့် Arsenal vs Coventry ပွဲစဉ်မှာ အိမ်ရှင် Arsenal က ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး အဖွင့်ကောင်းသွားခဲ့၏။ ကိုယ်တွေ United ကတော့ ဒီနေ့ ညနေ ၆ နာရီမှာ Hull City နှင့် အဝေးကွင်း ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

Match Day | Ecency