Start isn't Good

Words
179
Reading
1 min
Listen
Play
22d

EPL Round 1 ပွဲစဉ်များထဲမှ ၆ ပွဲကို မနေ့က ကစားသွားခဲ့၏။ ပွဲစဉ်အားလုံး အရှုံးအနိုင် အဖြေပေါ်ထွက်ခဲ့၏။ Man United ၏ ရှုံးပွဲ အပါအဝင်ပေါ့။ အဝေးကွင်းမှာ တန်းတက် Hull City ကို ၂-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ မနှစ်က Championship မှာ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပြီး play off ကစားကာ Millwall နှင့် Middlesbrough တို့ကို ဖြတ်ကျော် ဗိုလ်စွဲပြီး EPL သို့ တက်လှမ်းခွင့် ရခဲ့ခြင်း ဖြစ်၏။

Coventry, Ipswich နှင့် Hull City တို့ ဒီနှစ် တန်းတက်လာခဲ့ကြ၏။ မနေ့က အဆိုပါ တန်းတက် ၃ သင်းလုံး၏ ပွဲစဉ်များ ကစားသွားခဲ့၏။ Coventry အသင်းမှ လွဲရင် Ipswich နှင့် Hull City တို့ နိုင်ပွဲ ကိုယ်စီ ရခဲ့၏။ Coventry က EPL ချန်ပီယံ Arsenal နှင့် ရင်ဆိုင်ကစားခဲ့ရပြီး ၃-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ Ipswich က အိမ်ကွင်းမှာ Sunderland ကို ၂-၁ ဖြင့် အနိုင်ရသွားခဲ့၏။

Man United နှင့် ရင်ဆိုင်တွေ့သည့် Hull City အသင်း အနေဖြင့် အိမ်ကွင်းအားသာချက် နှင့်အတူ လိုချင်သည့် ရလဒ်ကို အရယူသွားနိုင်ခဲ့၏။ Man United အနေဖြင့် အသစ် ခေါ်ယူထားသည့် ကစားသမားတွေကို ထည့်သွင်း အသုံးပြုသွားခဲ့၏။ Barcelona သို့ အငှား သွားရောက် ကစားနေသည့် Rashford လည်း ပါဝင် ကစားသွားခဲ့လေ၏။

အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ် ခံရပြီးခါမှ Michael Carrick တယောက် လုပ်ပြနေလိုက်တာ အဖွင့်ပွဲကို အရှုံးနဲ့ စတင်ရလေတော့၏။ မနှစ်က အထိုက်အလျောက် ပျော်ခဲ့ရ‌ပေမဲ့ ဒီနှစ် ရာသီအစမှာ ဇာတ်လမ်းက ပြန်စလာခဲ့ပြီ ဖြစ်၏။ ရာသီအကြို ခြေစမ်းပွဲတွေ မှာကတည်းက United ၏ ရလဒ်တွေက ကောင်းနေတာမျိုး မရှိခဲ့ပေ။ ခြေစမ်းပွဲမလို့ပါပေါ့။ ဟော တကယ့်ပြိုင်ပွဲ ကြတော့ရော။

United လမ်းစဉ်လိုက်တဲ့ နောက်တသင်းကတော့ Tottenham Hotspur ဖြစ်လေ၏။ Brentford ကို အဝေးကွင်းမှာ ၃-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ ဒီနေ့မှာတော့ Aston Villa, Man City နှင့် Liverpool အသင်းတို့၏ ပွဲစဉ်များ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါသေး၏။

(photos from EPL page)

Start isn't Good | Ecency