ဝေဖန်ဆွေးနွေး လေကန်ပေး

Words
256
Reading
2 min
Listen
Play
8y

တရုတ်၊ အိန္ဒိယ၊ အမေရိကန်နှင့် ရုရှ နိုင်ငံများသည်
ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည်။ ပထဝီ အနေအထားအရ ကြီးမားသည့်နိုင်ငံများလည်းဖြစ်ကြ
သည်။စီးပွားရေး၊ နိုင်ငံရေးနှင့် အနုပညာရေးများ
တွင် တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့က ကျွန်တော်တို့နိုင်ငံနှင့် ကျွမ်းဝင်လှသည်။ ရုရှနိုင်ငံအနေဖြင့်
စစ်ရေးအရသာကျွန်တော် တို့နိုင်ငံနှင့် ဆက်စပ်မည်ထင်ပါသည်။ထားပါ သူက ကျွန်တော်တို့နှင့်
ဝေးတော့ သူ့အကြောင်း သိပ်ပြီးမဆွေးနွေးချင်ပါဘူး။

ကျွန်တော် အဓိကပြောချင်သည့်က တရုတ်၊ အိန္ဒိယ၊ အမေရိကန် ဒီသုံးနိုင်ငံကို အဓိကထား ပြောပြ
ဆွေးနွေး ပါမည်။ steemit မိတ်ဆွေများလည်း
ဝင်ရောက်ဆွေးနွေးပေးပါ။ လိုအပ်တာလေးတွေရှိလည်း ဝေဖန်ထောက်ပြပေးပါ။ ကျွန်တော်က
ဆရာကြီးတော့မဟုတ်ပါဘူး သာမန်လူတစ်ဦးပါ။
သာမန်ပြည်သူတစ်ယောက်ပါ သူလိုငါလို
တစ်ယောက်ပါပဲဗျာ။ ဘာလို့ ပြောရလဲဆိုတော့
ကျွန်တော် အစချီထားတာက အကြီးကြီးတွေနဲ့
စထားတာမို့ပါ။

003.png
image source

image
image source

ယခုတလောမှာ တရုတ်နှင့် အမေရိကန် စစ်ဖြစ်
နေသည် ဘာစစ်လဲဆိုတော့ အားလုံးသိကြမည်ထင်သည်။ စီးပွားရေးစစ် တိုက်နေကြသည်မှာ
ရာခိုင်နူန်းတွေနဲ့ တိုက်နေကြသည်။ မိမိနိုင်ငံသို့
တင်ပို့သည့် ပစ္စည်းများအတွက် အခွန်တော်
ရာခိုင်နှုန်းများတိုးမြှင့်ကောက်ခံခြင်းဖြင့် စစ်တိုက်
နေခြင်းဖြစ်သည်ဟု ဖတ်ရှုသိရှိရသည်။

”သူက အခွန်တိုးကောက်လျှင် ငါကလည်း
အခွန်တိုးကောက်မယ်”

အပြန်အလှန် ဒေါသ မာနများနှင့် အပြိုင် အခွန်
ကောက်နေကြသည်။ သူတို့နိုင်ငံကြီးများ ရန်ဖြစ်
တော့ ကျွန်တော်တို့နိုင်ငံလေးများက ဥပမာပေး
ရပါမူ။ ကျွဲနှစ်ကောင် နှာမှုတ်တဲ့ကြား ကျွန်တော်
တို့ က သူတို့ရဲ့ နှာရည် အစင်ခံရတဲ့ ဒုက္ခတော့
ရောက်တာပေါ့ဗျာ။ လောလောဆယ်မှာကို
ကျွန်တော်တို့ရဲ့ steem ဈေးတွေကျနေတာကို
ကြည့်ဗျာ။ဆိုင်သလားတော့မသိဘူးပေါ့နော်။

အင်အားကြီး ချမ်းသာသည့် နိုင်ငံများဆိုတော့
မိမိနိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် ချမ်းသာကြွယ်ဝမှုကို
ပြိုင်ဆိုင်ပြသကြသည်။ အထူးသဖြင့် တရုတ်
နှင့် အမေရိကန် တို့ဖြစ်သည်။ အမေရိကန်နိုင်ငံ
က သူ့နိုင်ငံသားဖြစ်ရတာ လုံခြုံစိတ်ချကူညီမှုခံ
ရတဲ့အကြောင်းကို ဆူနာမီ ငလျင်လှုပ်စဉ်ရိုက်ကူးထားသည့် ရုပ်ရှင်မှာကြည့်ရှုရသည်။ မင်းသားနှင့်
မင်းသမီးမိသားစုကို ငလျင်လှုပ်၍အပြီး ဒုက္ခ
ရောက်နေစဉ် အမေရိကန်နိုင်ငံမှ သူ့နိုင်ငံသား
များကို ပထမဦးစွာ ရဟတ်ယာဉ်ဖြင့် လာကယ်
ကြောင်း ရိုက်ပြထားသည်။

ထိုနည်းတူစွာ တရုတ်နိုင်ငံကလည်း သူ့နိုင်ငံသား
များကို ဒုက္ခရောက်နေစဉ်လာကူညီ ကယ်ဆယ်
သည့် အကြောင်းကိုလည်း ရုပ်ရှင်ရိုက်ပြထား
သည်။ အာဖရိကနိုင်ငံတွင် အလုပ်လုပ်နေကြသည့်
တရုတ်လူမျိုးများကို ထိုနိုင်ငံ အာဏာလု
စစ်ဖြစ်နေစဉ် တရုတ်လူမျိုးများကိုသွားရောက်
ကယ်တင်သည့်ဇာတ်လမ်းဖြစ်သည်။

ထားပါတော့ဗျာ ရုပ်ရှင်အကြောင်းနဲ့ ပတ်သက်ပြီး
တော့ပဲ ဒီသုံးနိုင်ငံကိုဆွေးနွေးရအောင်။ နိုင်ငံရေးနဲ့
အခြားအကြောင်းအရာတွေကိုတော့ လက်လှမ်း
မမှီလို့မဆွေးနွေးတော့ပါဘူး။ တရုတ်၊ အိန္ဒိယ၊
အမေရိကန် ဒီနိုင်ငံများ၏ ရုပ်ရှင်ဇာတ်ကားများကို ကျွန်တော်တို့ကြည့်ဖူးကြမည်ဖြစ်သည်။ရုပ်ရှင်က လူတိုင်းနဲ့မစိမ်းပါဘူး။ ဒီတော့ဆွေးနွေးကြည့်မယ်ဗျာ။

ပထမဦးစွာ တရုတ်ရဲ့ ရုပ်ရှင် အနောက်သို့ခရီးသွား
ခြင်း ဝူခုန်းနှင့် တရားသူကြီးပေါင်ချိန် စသည်တို့ကိုကျွန်တော်တို့ငယ်စဉ်က အလွန်စွဲလမ်းစွာကြည့်ရှု
ခဲ့သည်။ထို့နောက်တွင် ဂျက်ကီချန်းနှင့် နောက်
မင်းသားများ သူတို့လဲကောင်းကြပါသည်။

image
image source

အမေရိကန်ကားများသည် များပြားလှသည်။
ထို့အတူ မင်းသားများလည်း များပြားခဲ့သည်။
ဗန်ဒိန်၊ အာနိုး၊ ရမ်ဘို၊ တောတွင်းစွန့်စားခန်းနှင့် ရတနာသိုက်ရှာဖွေသည့်မင်းသားကြီး ဟဲရီဆင်ဖို့ဒ်
နှင့် ရစ်ချက်ဂီရိ တို့ ကိုကြိုက်ခဲ့သည်။ ယခုအချိန်မှာတော့ ဗင်းဒီဇယ်၊ ဂျက်စတင်စတန်ဟမ်းနှင့်
တွမ်ခရုတို့အား နှစ်သက်ခဲ့သည်။

နောက်ပိတ်ဆုံး အိန္ဒိယ ရုပ်ရှင်ကား များကလည်း
ခေသည့်ကားများမဟုတ်ပါ။ ရှရွတ်ခန်နှင့်
အမီလ်ခန် တို့၏ဇာတ်ကားများသည်
ကျော်ကြားသည်။ယခုနောက်ပိုင်းတွင် အိန္ဒိယ
မင်းသားအချို့၏ ဇာတ်ကားများကလည်း
အောင်မြင်ခဲ့သည်။ အမီးလ်ခန်၏ ဇာတ်ကား
များသည် အကုန်လုံးနီးပါးကျော်ကြားခဲ့သည်။

image
image source

နိဂုံး ချုပ်ရသော် steemit မိတ်ဆွေများအနေဖြင့်
တရုတ်၊ အိန္ဒိယ၊ အမေရိကန် မည်သည့်နိုင်ငံက
ဇာတ်ကားများကို အများဆုံးကြည့်ဖြစ်လဲ၊ အကြိုက်ဆုံးဇာတ်ကားက ဘယ်နိုင်ငံက ဇာတ်ကားများ
ဖြစ်မည်လည်းဆိုတာ comment မှာ
ရေးပေးခဲ့ကြပါလို့မေတ္တာရပ်ခံအပ်ပါသည်။

(မှတ်ချက်။ ကိုရီးယားကား ဇာတ်လမ်းတွဲများမပါ)😁😁😁

Author htwegyi@htwegyi
MSC.036

ဝေဖန်ဆွေးနွေး လေကန်ပေး | Ecency