စေတနာနှင့် ဝေဒနာ

Words
185
Reading
1 min
Listen
Play
8y

image

10-2-2019 နေ့ ရတနာပုံသတင်းစာတွင် ဖတ်လိုက်
ရသည်။ မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်
ရပ်ကွက်ရှိ ရှေးဟောင်းကျုံးကြီးအတွင်းမှ ငါး
ကောင်ရေ အမြောက်အများ အောက်စီဂျင်ပြတ်၍
သေဆုံးခဲ့ကြောင်း ဖတ်လိုက်ရသည်။ ရေနည်းပြီး
ငါးအကောင်ရေများခြင်းနှင့် ရေညှိများကြောင့်
အောက်စီဂျင်ပြတ်ကာ သေဆုံးရခြင်းဖြစ်ကြောင်း
ရေးသားဖော်ပြထားသည်။

image

image

ကျွန်တော်တို့ မန္တလေးမှာလည်း ကျုံး ရှိသည်ကို
သိကြမည်ဖြစ်သည်။ မန္တလေး ကျုံး အတွင်းမှာ
လည်း ငါးများမြောက်များစွာရှိသည်။ ထိုငါးများ
ကို လွန်ခဲ့သော ၄ ၅ ၆လခန့်က ပေါင်မုန့်များကျွေး
ခဲ့ကြသည်။ ထိုငါးစာ ပေါင်မုန့် များကို ကျုံးဘေး
ပလက်ဖောင်းပေါ် တွင် ကြွတ်ကြွတ်အိတ်များဖြင့်
ထည့်ကာ ရောင်းချသူများရှိသည်။ ထိုသူတို့
ရောင်းချသော ပေါင်မုန့် များကို ဝယ်၍ ငါးစာ
ကျွေးရာဝယ် ကျွေးသူများသောကြောင့် ငါးများက
ပေါင်မု့န်များကို ကုန်အောင်မစားနိုင်ပေ။

ကျွန်တော်နဲ့ အတူ လမ်းလျှောက် လိုက်လာသော
တူမများက သူတို့စားမကုန်သော ပေါင်မုန့်၊
မုန့်ကြွပ်နှင့် ဘီစကစ်များကို ငါးကျွေးရန်
ယူလာကြသည်။ အချို့မုန့်များမှာ သိမ်းဆည်း
ထားသည်မှာကြာ၍ ရက်လွန်နေသည်များလည်း
ရှိပေမည်။ အဆိုပါ ရက်လွန်နေသော အစာများကို
စားမိသော ငါးများသည် ရောဂါရ၍သေနိုင်ပေ
သည်။

ငါးများမစားသော ပေါင်မုန့် အစအနများက
ကျုံးရေပြင်ပေါ် ပေါလောပေါ်နေလေသည်။
ထိုအပြင် ငါးများကိုကျွေးသော ပေါင်မုန့်
အစအနများကို ခိုများက လာရောက်စားသောက်
ကြပြန်သည်။ ထိုအခါ ခိုတွေက တရုန်းရုန်း
ငါးတွေက တဝုန်းဝုန်းဖြင့် ကျုံး ဘေးမှာ
စည်ကားနေပါတော့သည်။ ကျုံး အတွင်းငါး
မမျှားရဟု ရေးသားထားသော်လည်း ငါးခိုးဖမ်း
သူများလည်းရှိသေးသည်။ ၇၃လမ်းဖက်မှ ငါးစာ
ကျွေးပြီး ၇၇လမ်းဖက်မှာတော့ ငါးမျှားသူများ
ရှိလေသည်။

သို့သော် သိပ်မကြာခင်အချိန်မှာ ငါးသေများကို
ကျုံးဘေး လမ်းလျှောက်ရင်း မြင်လာခဲ့သည်။
ငါးစာကျွေးသည့်နေရာတွင် ကျုံးရေများမှာ
နောက်ကျိလာသည်။ ခိုချေးများက
ကျုံးပလက်ဖောင်း လမ်းလျှောက်သည့်နေရာ
များနှင့် စတီးလက်ရမ်းသံပိုက်လုံးများတွင်
ပေကျံနေတော့သည်။ ကြာရှည်လာပါလျှင်
ငါးများသေကြေလာမည်။ ပလက်ဖောင်းများ
သည်လည်း ခိုချေးများဖြင့်ညစ်ပတ်လာနိုင်
ပေသည်။

image

image

နောက်ပိုင်းမကြာခင် မန္တလေး မြို့တော်စည်ပင်
သာယာဌာနမှ ငါးစာမကျွေးရန် ကျုံးစတီးလက်ရမ်းများတွင် စာများကပ်ထားလေသည်။ ထိုအခါ တူမများက ငါးစာကျွေးတာ ငါးလေးတွေ အစာစားရတာပေါ့။သူတို့လုပ်တာနဲ့ ငါးလေးတွေ အစာ
မစားရတော့ဘူး။ ကျွန်တော် မှာ သူတို့ကို ပြောပြရသည်။သမီးတို့ကျွေးတာတွေက ငါးလေးတွေရဲ့
အစာမှမဟုတ်တာ။ သူတို့စားမိတော့ ရောဂါ
ဖြစ်ပြီး သေကုန်တာပေါ့။ သဘာဝအတိုင်း
သူ့တို့အစာ သူတို့ရှာစာတာက အန္တရာယ်ကင်း
တယ်လေ။ ဒါကြောင့် တာဝန်ရှိသူတွေက
ငါးလေးတွေမသေအောင် အချိန်မီတားပြီး
သတိပေးတာပေါ့။

”အော် ဂလိုလား မသိပါဘူး၊ ပလက်ဖောင်းမှာ
ခိုချေးတွေလည်း မရှိတော့ဘူးနော်”

ပြောဆိုကာ လျှာထုတ်ပြီး ဇက်ကလေးများပု
သွားကြပါတော့သည်။

htwegyi@htwegyi
Photo htwegyi@htwegyi
MSC.036

စေတနာနှင့် ဝေဒနာ | Ecency