Cryptocurrency နှင့် ကျွန်တော်
စတင်တွေ့ထိခဲ့သည်မှာ 2000 ခုနှစ်မှာ
စတင်ခဲ့သည်ဟု ခန့်မှန်းမိပါသည်။
စတင်စမ်းသပ်ခဲ့သည်မှာ Perfect money,
Ecopay, Paypal တိုနှင့် ပတ်သက်သည့်
Free ငွေရှာဆိုက်များမှစတင်ခဲ့သည်။
ထိုနောက် Bitcoin ခေါ် btc , Coinbase
တို့နှင့် Free ဆိုက်များမှာအလုပ်ရှုပ်ခဲ့သည်။
ထိုစဉ်က အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုခြင်းမရှိသေးပေ။ ကျွန်တော်သည်ပင်
ရုံးမှာ ဖရီးရသည့် ဝိုင်ဖိုင်နှင့် ကွန်ပြူတာကို
အသုံးပြုရ၍ Cryptocurrency ကို
စမ်းသပ်ကလိရခြင်းဖြစ်သည်။ ထိုအချိန်က
ဖုန်းပင် မကိုင်နိုင်သေးပေ။
ငယ်ရွယ်သေး၊ မျက်လုံးကောင်းသေး၊
ဖရီးဝိုင်ဖိုင်၊ ဖရီးကွန်ပြူတာများကို
အသုံးပြုလျှက် Cryptocurrency လမ်း
ကို စမ်းတဝါးဝါး လျှောက်လှမ်းခဲ့ပါသည်။
ထိုစဉ်က မှတ်မိသမျှ ဒေါ်လာ 20 ၊ 30 ရမှ
ထုတ်ပေးမည့် ငွေရှာဆိုက်များတွင် တခါနှိပ်
ဆယ်ပြား၊ ဆယ့်ငါးပြား၊ ပြားနှစ်ဆယ်
အစရှိသဖြင့် နှိပ်ခဲ့ရသည်။
ယခု ကိုဟင် ရေးပြသည့် Airdrop များကို
မသိရှိခဲ့ပါ။ 15မိနစ် တခါနှိပ် 1$ ဆိုတာ
ယခုမှ မြင်ဘူး သိဘူး နှိပ်ဖူးသည်။
အထူးသဖြင့် Metamask, Trust Wallet
များကိုလည်း ယခုမှ သုံးဖူးသည်။
သူတို့ကို ကျယ်ပြန့်စွာ မသုံးဖူးသေးပါ။
မည်သို့ အသုံးပြုရသည်ကိုပင် မသိရသေးပါ။
ယခုလို သင်ဆရာ၊ မြင်ဆရာများနဲ့
တွေ့သည့်အခါ ကိုယ်ကထပ်ချပ်မကွာ
လိုက်ပါနိုင်ခြင်း မရှိ၍ အားငယ်မိသည်။
ကိုယ်စွမ်းသမျှ အားစိုက်နိုင်သမျှ လိုက်ပါ
နိုင်ရန် အစွမ်းကုန်ကြိုးစားရပါအုံးမည်။
Cryptocurrency ကြီးနှင့်
ကျွန်တော်တို့သည် သူတစ်ခါ ကိုယ်တလှည့်
လိုက်တမ်း ပြေးတမ်း ကစားရပါအုံးမည်။
Crytptoမိတ်ဆွေများ အားလုံး
Cryptocurrency လမ်းမှာ
အောင်မြင်စွာ လျှောက်လှမ်း နိုင်ကြပါစေသော်။
@htwegyi
9-6-2021