စာဖတ်သူများကို အတော်တော့အားနာတယ်ဗျာ။
ငထွေးတို့ ပေါက်တတ်ကရ ရေးသမျှ မကောင်းလဲ
ဖတ်၊ မဖတ်ချင်လဲဖတ်၊ ဖတ်ပြီးမန့်ရမှာဆိုတော့
လည်း မျက်လုံးကတော့ စာပေါ်ကို မရောက်
ရောက်အောင် မျက်လုံးကြီးကို တွန်းပို့ရပြန်ပါတယ်။
စာဖတ်သူများကို အားနာပါတယ်။ အားနာနာနဲ့ပဲ
ဆက်ရေးရပြန်ပါပြီ။
ငထွေးတို့မှာလဲ မတောက်တစ်ခေါက်စာလေးရေးပြီး
တင်သည့်အခါ sbd လေးများ ခါတိုင်းပို့စ်ထက်
ပိုလို့များရရင် မျက်နှာကြီးကိုဖြီးလို့။ ပို့စ်မှာ sbd
နည်းရင်တော့လား အိမ်သာတက်ရင်း အားရပါးရ
ဝမ်းမသွားရတဲ့မျက်နှာမျိုးနဲ့။ စာဖတ်သူများကိုအားနာပါတယ်။ အားနာပါတယ် အားနာပါတယ်
ရေးရင် ပြောရင်း ဖတ်ခိုင်းမိပြန်ပါသည်။
စာကိုဖတ်ခိုင်းတာပါဗျာ လူကိုဖက်ခိုင်းတာ
ဟုတ်ရပါဘူး။
လူကတော့ ဝတ်မှုန်ရွှေရည် ဖြစ်ဖြစ်၊ အိချောပို
ဖြစ်ဖြစ် ဖက်ပါလိမ့်မယ် ပစ်ထားလိုက်။ စာဖတ်သူက ငထွေးစာလေးတော့ ဖတ်ပေး ဟုတ်ပြီလား။
သဘောပါတယ်လား။ မြတ်စွာဘုရား ရေးရင်း
ရေးရင်း ဆရာတော်ဦးသုမင်္ဂလ လေသံတွေ
ရောက်လာပြန်ပါပြီ။
စာဖတ်သူအတွက် အပျင်းပြေအောင်ရေးကြည့်တာပါ။ ငထွေးကိုယ်တိုင်တောင် ရေးရင်း ရေးရင်း
ဘာရေးရမှန်းမသိအောင်ဖြစ်ရသည်။ စာရေးသူများသည် များသောအားဖြင့် ကိုယ်သန်ရာရေးကြသည်။
စုံထောက်၊ သဲထိတ်ဖို၊ အချစ် အလွမ်း စွန့်စားခန်း
ယောင်ကုန်ပြီ ဆရာမင်းလူဝတ္ထု အမည်
ရောက်သွားပြန်ပါပြီ။ ဒီလိုဗျာ စိတ်ကိုအဟာရ
ဖြစ်စေမယ့် စာတွေ အစရှိသဖြင့် စာမျိုးစုံ
ကိုယ်သန်ရာကို ရေးသားကြသည်။
ငထွေးစာများကိုတော့ စာဖတ်သူအတွက်
စိတ်ပေါ့ပါးလန်းဆန်းစေချင်သည်။ စာဖတ်ပြီး
ပျော်စေချင်ပါသည်။
ကဲ...စာဖတ်သူပျော်စေဖို့ ဇာတ်လမ်းလေးတစ်ပုဒ်
စလိုက်ရအောင်ဗျို့။ ငထွေးအမေပြောပြခဲ့တာပါ။
အမေတို့ရွာမှာ သမီးနဲ့ အဖေ သားအဖနှစ်ဦးရှိသတဲ့။ဖအေဖြစ်သူက သမီးလေးကို မိတဆိုးလေးမို့ အလိုလိုက်ချစ်ရှာတယ်။ သမီးလေး အရွယ်ရောက်တော့
အိမ်ထောင်ပြုတယ်။
ဒီလိုနဲ့ သမီးမှာကိုယ်ဝန်ရှိလာခဲ့သည်။ အော် ပြောဖို့
မေ့နေတယ်ဗျို့ အဲ့သားအဖနေတဲ့အိမ်က တဲအိမ်ပါပဲ
သစ်ပင်လက်မောင်းလုံးခန့်ကို ထုတ်တွေ တန်းတွေနဲ့
ခိုင်ခိုင်မာမာဆောက်ထားတာ။ သားအဖရယ်
သားမက်ရယ် သုံးဦးနေကြတယ်။
တစ်နေ့ သမီးဖြစ်သူက ဗိုက်နာလို့ အော်ပါလေရောဗျာ။
”အမလေး အဖေရယ်
ကယ်ပါအုံး ...အမလေး...
နာလိုက်ထာတော်..”
သမီးဖြစ်သူက ဗိုက်နာလို့် အော်ရင်း ပြုရင်း
တက်မိတက်ရာ အိမ်ထုတ်တန်းပေါ်ရောက်သွား
တယ်။ ယောက်ျားလုပ်သူကလည်း မွေးပေးတဲ့သူ
သွားခေါ်စဉ်။ သားအဖ နှစ်ယောက်ပဲရှိတဲ့
အချိန် သမီးဖြစ်သူက ထုတ်တန်းပေါ်ကနေ
”အဖေရယ် ကယ်ပါအုံး နာလိုက်ထာ
အံမယ်လေး”
အဖေလုပ်သူက ပြန်ပြောလိုက်သည်မှာ
”ဥုံ..ဖွ...ဖွ...ငါ့သမီးဆင်းခဲ့”
”ဥုံ..ဖွ...ဖွ...ငါ့သမီးဆင်းခဲ့”
”ဖွ..ဖွ..ငါ့သမီးဆင်းခဲ့ လိမ့်ကျမယ်”
သူ့သမီးလဲ အောက်အဆင်း လက်သည်လဲအရောက်
ကလေးလဲမွေး အံမယ်ကွက်တိတဲ့။ သူ့အဖေရဲ့
ဥုံ ဖွ ကစွမ်းတယ်နော်။
”ဥုံ ဖွ steem ဈေးတွေ တက်ပါဟ”
steem ဈေးများကျနေ၍
စိတ်ပေါ့ပါးလန်းဆန်းကာ
ရှေ့ဆက် ရေးနိုင်စေဖို့
ပြုံးပျော်ကြပါစေ...လို့...။