ဆန္ဒ တခု

Words
293
Reading
2 min
Listen
Play
4y

လက်ရှိမှာ အဖြစ်ချင်ဆုံး ဆန္ဒက LOA tokens စျေးတက်လာဖို့ ဖြစ်၏။ ခပ်များများကြီး မဟုတ်၊ 0.5$ လောက်ဆို တော်ပါပြီလေ။ LOA tokens စထွက်စတုန်းက 0.05$ ပေါက်၏။ ခုက 0.007$ ဖြစ်၏။ အမ်... မင်းဟာက လောဘကြီးရန်ကော initiate စျေးကတောင် 0.05$ လေကွာ ခု မင်းက 0.5$ လောက် လိုချင်တယ် ဆိုတော့ မလွန်ဘူးလား မေးစရာ ရှိ၏။ အင်း လွန်ချင်လည်း လွန်ပါစေ၊ ကိုယ်ရချင်သည့် စျေးကို ပြောရခြင်း ဖြစ်၏။ ပြီးတော့ ဖြစ်နိုင်တဲ့ စျေးလေးပေါ့။

တခါသားက 0.15$ လောက်ထိ ဖြစ်သွား ခဲ့ဖူး၏။ ထို့နောက် တအိအိကျလာလိုက်ရကား ခုလို 0.007$ ထိ ဆင်းသွားခဲ့၏။ Market place ထွက်လာပြီးလျှင်တော့ စျေးလေးများ နည်းနည်း လောက် တက်လာ လေမလားပေါ့။

ကျနော်တို့၏ ဇာတ်လိုက်ကျော် Hive က ထပ်တက်ဖို့ မရှိ မဖြစ်နိုင်သေးရကား LOAကိုပဲ မျှော်လင့်နေမိသည်ပေါ့။ Hive က 1$ ဖြစ်လာဖို့က ကြာပေလိမ့်ဦးမည် ထင်၏။ မတော်တဆ မကြာဘဲ မြန်မြန် 1$ ကနေ 10$ သို့မဟုတ် 100$ ဖြစ်သွားလည်း မဆိုးပေ။ ဒါပေမယ့် တဖက်က ကြည့်ပြန်တော့ ဆိုး၏။ Hive စျေးတက်က power စုရခက်၏။ ထို့ကြောင့်ပင် Hive အစား LOA ကို စျေးတက်ခိုင်းနေခြင်း ဖြစ်၏။

ပြီးခဲ့သော နှစ်ပတ်လောက်က partner staking event ပြီး၏။ LOA staking လုပ်ခြင်းကနေ GQ tokens တွေ ပေးခြင်း ဖြစ်၏။ အတိုးက 400 APR နှင့် 300 APR ကြား ဖြစ်၏။ event ပြီး GQ တွေ harvest လုပ်ပြီးနောက် LOA တွေကို unstaking မလုပ်သေးဘဲ ထားထား လိုက်မိ၏။ event ပြီးသွားပေမယ့် GQ တွေ ပေးနေသေး၏။ အတိုးနှုန်းကလည်း ရာဂဏန်စကနေ ထောင်ဂဏန်း ပြောင်းသွား၏။ ကျနော်ဆို တရက်ထဲနဲ့ GQ tokens 2$ ဖိုးလောက်ရ၏။ အစောပိုင်းကတော့ တရက် 0.5$ လောက်ပါပဲ။ နောက်မှ အတိုးနှုန်းတွေက ပိုများလာခဲ့တာ။ luquidity လျော့သွား တာလည်း ပါ မပေါ့။

20$ ဖိုးလောက်ရှိသည့် GQ tokens တွေ ရခဲ့၏။ ကျနော် staking လုပ်ထားသည့် LOA ကမှ 2000 ပတ်ခြာလည် လောက်ထဲရယ်။ event ကာလတုန်းကတောင် အဲ့လောက်မရဘဲ event ပြီးချိန်မှ ပိုလို့တောင် ရနေသေးသည်ဟု ပြောလို့ရ၏။ LOA 5000 လောက်သာ staking လုပ်ထားမိပါက event ပြီးချိန် ပြန်ရသည့် အတိုးနှုန်းနဲ့ တွက်လျှင် အတော်များများ ရလောက်ပြီ။ ခုလည်း မဆိုးပါဘူးလေ။

ဒါပေမယ့် ၃ ကြိမ်မြောက် 10$ ဖိုး ထုတ်ခါနီးမှတော့ Team က event ကို လုံးဝ အဆုံးသတ် လိုက်တော့၏။ ကျနော်ကမှ ရင်ခံစရာ။ ဘာလို့ဆို ဒီနေ့လို 8$ ဖိုး ရှိနေပြီး နက်ဖြန် 10$ ပြည့်မှ ထုတ်မယ် လုပ်ထားတာကိုး။ မထုတ်လိုက်ရဘဲ ပြီးသွားခဲ့၏။ သွားပြီး အပြစ်တင်ရအောင်လည်း မဟုတ်သေးဘူးလေ။ event က အစောကြီး ကတည်းက ပြီးနေခဲ့ပြီ မဟုတ်လား။

သို့နှင့် partner staking ထဲက LOA tokens တွေကို unstake လုပ်ပြီး ရိုးရိုး LOA staking ထဲ သွားပြန် ပေါင်းထည့်ရသေး၏။ သူကတော့ အတိုးနှုန်း နည်း၏။ 20% APR ပဲ။ ဒါပေမယ့် ကိုယ်က LOA များများ staking လုပ်ထားလျှင် daily ပြန်ရမယ့် LOA ကလည်း မဆိုးဟု ပြောလို့ရ၏။ ထို့ကြောင့် LOA ကို စျေးတက် စေလိုခြင်း ဖြစ်၏။ ကျနော် အသက်ရှူ ချောင်စေရန် အလို့ငှာ LOA လေးရယ် အားမနာတမ်း 0.007$ ကနေ 0.5$ လောက် တင်ပေးပါဦးနော့်။ ရွဲ့ပြီးတော့လည်း 0.7$ တွေ မလုပ်နေနဲ့ဦး။

ဆန္ဒ တခု | Ecency