Hat-trick UCL Night

Words
235
Reading
2 min
Listen
Play
5h

Barcelona ကတော့ Laliga မှာကော UCL မှာပါ ခြေစွာနေ၏။ Laliga မှာ ၄ ပွဲကစားပြီး ၄ ပွဲလုံး အနိုင် ၁၂ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထား၏။ Athletic Club ကို ၂-၀ ဖြင့် အနိုင်ရသည့် ပွဲက လွဲလို့ ကျန် ပွဲစဉ်တွေကို ၅ ဂိုး သွင်းပြီး အနိုင်ယူထား၏။ ခု Feyenoord နဲ့ UCL ပွဲစဉ်မှာလည်း Barcelona က ၅-၁ ဖြင့် အနိုင်ရထား၏။ ကမ္ဘာ့ ချန်ပီယံ Spain အသင်း၏ သက်ရောက်မှုဟု ပြောလို့ ရမယ် ထင်ပါရဲ့။ Spain လက်ရွေးစဉ်ဟု ပြောတာနဲ့ Barcelona ကလည်း ခွဲခြားလို့ မရနေဘူးကိုး။

Barcelona က ၄ ဂိုး အရင် သွင်းယူထားပြီးမှ Feyenoord က ၁ ဂိုး ပြန်သွင်းယူနိုင်ခဲ့၏။ Arsenal ကနေ ပြောင်းရွှေ့လာသည့် Jesus က ၅ ဂိုးမြောက် ဂိုးကို သွင်းယူပြီး Barcelona ကို ပြိုင်ပွဲစုံ ၅ ဂိုး သွင်းယူသည့် ပွဲပေါင်း ၄ ပွဲထိ ရှိလာခဲ့ပြီ ဖြစ်၏။ ၂၀၂၄/၂၅၊ ၂၀၂၅/၂၆ နှစ်နှစ်ဆက် Laliga ချန်ပီယံ Barcelona အနေနဲ့ ဒီနှစ်မှာလည်း ပုံစံကောင်းတွေ ထပ်မံပြသနေခဲ့၏။ လက်ရှိ ကစားသမား အစုအဖွဲ့ကလည်း အားကောင်း လွန်းလှ၏။

VfB Stuttgart vs Viking ပွဲစဉ်မှာတော့ VfB Stuttgart က ၃-၁ ဖြင့် အနိုင်ရသွားခဲ့၏။ အိမ်ရှင်အသင်းအတွက် Demirovic တဦးထဲကပဲ ၃ ဂိုး သွင်းယူပြီး Hat-trick ရယူသွားနိုင်ခဲ့၏။ Liverpool vs Atletico Madrid ပွဲစဉ်မှာတော့ အိမ်ရှင် Liverpool က ၂-၁ ဖြင့် အနိုင်ရသွားခဲ့‌၏။ ဦးဆောင်ဂိုးကို Atletico Madrid က အရင် သွင်းယူခဲ့ပေမဲ့ Liverpool က ချေပဂိုးနှင့် အနိုင်ဂိုးတွေကို သွင်းယူသွားခဲ့ခြင်း ဖြစ်၏။

Barcelona ကို အားကျပြီး ၆ ဂိုး သွင်းတာကတော့ လက်ရှိ UCL ချန်ပီယံ PSG ဖြစ်၏။ Slovakia ကလပ် Slovan Bratislava ကို ၆-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ယခုပွဲစဉ်မှာလည်း Ferran က Hat-trick သွင်းယူခဲ့လေ၏။ Dembele က ၂ ဂိုး Ruiz က အပိတ်ဂိုး ၁ ဂိုး သွင်းယူပေးခဲ့လေ၏။ Sporting CP vs Galatasary ပွဲစဉ်မှာတော့ Sporting CP က ၃-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။

Napoli vs Arsenal ပွဲစဉ်မှာတော့ ဧည့်သည် Arsenal အသင်းက ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ယနေ့ညနှင့် နက်ဖြန် မနက်တို့မှာလည်း ကျန် UCL ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ Man United ၏ ပွဲစဉ်လည်း ပါဝင်နေ၏။ တကျော့ပြန် UCL ခရီးစဉ် အဖွင့် လှ မလှကတော့ စောင့်ကြည့်ရပေလိမ့်မည်။ England အသင်းတွေ ကိုယ်စီ နိုင်ပွဲရယူနိုင်ခဲ့ကြသည်မို့ United လည်း အဆိုပါ လမ်းစဉ်အတိုင်း လိုက်နိုင်မလားကတော့ သိချင်မိပါ၏။

(photos from UCL page)

Hat-trick UCL Night | Ecency