POSH token

Words
138
Reading
1 min
Listen
Play
1y

တနေ့က Ecency ၏ Twitter (X) မှာ လုပ်ခဲ့သည့် Campaing ကို မှတ်မိကြမည်ထင်။ X မှာ သူပြောထားသည်များကို လုပ်ပြီး ပါဝင်နိုင်သလို bonus အနေဖြင့် Hive keychain ကနေ တဆင့် hiveposh.com မှာ မိမိရဲ့ Twitter (X) account နဲ့ link ချိတ်ပြီး POSH token ရယူနိုင်သေး၏။

POSH token အကြောင်းတော့ အလုံးစုံ ကောင်းကောင်း မသိသေးပေ။ ပေးလို့ ရတယ် ယူထားမယ်ပဲ ရှိသေး၏။ သူက အခြား token တွေလို tags လေး ထည့်ပေးရုံနဲ့ သူ့သူ ရနေတာမျိုး မဟုတ်ပေ။ Daily ဝင်ပြီး ကိုယ့်ကို claim ယူရ၏။ မေ့ရင် မေ့သွားသည့်ရက် မရပေ။ မိမိ claim လို့ ရထားသည့် ပမာဏကို ထုံးစံအတိုင်း Tribledex မှာ ကြည့်နိုင်၏။ ကျနော်တောင် တရက်လား မသိ လွတ်သွားသေး၏။

(Daily လို့ ပြောထားမိပေမယ့် claim ပြီး ၁၂ နာရီ အကြာမှာ ထပ်ဝင်ကြည့်မိတော့ claim လို့ ရနေပြန်သေး၏။ သေချာ ပြန်လိုက်ဖတ်ရပေလိမ့်ဦးမည်။)

လောလောဆယ်မှာတော့ POSH token တန်ဖိုးက 0.000xxx $ လောက်သာ ရှိနေသေး၏။ တချိန်မှာ တက်လာ၊ များလာ မလားကတော့ မပြောတတ်သေးပေ။ စောင့်ကြည့်ရုံသာ။ အလကားရသည့် နွား သွားဖြဲပြီး မကြည့်ကောင်းဘူး မလား။

Hive ecosystem ထဲမှာ hive နဲ့ ပတ်သက်ပြီး tokens တွေက ရနေကြမလား။ တချို့ token တွေဆို မူလမိခင် hive ထက်ကို ဈေးကောင်းနေကြသေးတယ်။ ခုလည်း ဒသမ နောက်က ဂဏန်း သုံးလုံး ဆိုပေမယ့် လျော့တော့ မတွက်ထားသင့်ပေ။ Hive မှာက အရာအလုံးက သူ့အထွာနဲ့သူ အသုံးဝင် အကျိုးပြသည် မဟုတ်ပါလား။

POSH token | Ecency