Is Okay?

Words
206
Reading
1 min
Listen
Play
7y

t5n9axz4v5.jpg
ပြီးခဲ့သော (၂) ရက်လောက်က steemit မှာ ပိုစ့်တင် မရသည့် ပြဿနာနှင့် ကြုံ၏။ မနေ့ကတော့ pal.io ကတင် တင်လို့ ရ၏။ ဒီနေ့တော့ မပြောတတ်သေးပေ။ ယခု ပိုစ့်ကို စမ်းပြီး တင်ကြည့်မှ သိရပေလိမ့်မည်။ HF 21 နောက်ပိုင်း ပထမဆုံး error တက်ခြင်းဟုလို့တော့ ပြောလို့ ရမည် ထင်၏။ steemit မှ မဟုတ် esteem app ကနေလည်း တင်လို့ မရပေ။ ပိုစ့်တင်လို့ မရသလို၊ vote, comment လည်း ပေးလို့ မရပေ။ ထိုနေ့က ကျနော်တို့ MSC Group ထဲ တော်တော်လေး ဂယက်ထသွား၏။ ပိုစ့်တင်လို့ ရကြားလားဆိုပြီး အမေးတွေ ပလူပျံကုန်၏။

မနေ့ကထိလည်း မူလ steemit blog ကနေ တင်လို့ မရပေ။ ကိုဟိန်းက pal.io ကနေတော့ တင်လို့ ရကြောင်း ပြောလာသဖြင့် စမ်းတင်ကြည့်တော့ ရ၏။ သို့နှင့် pal.io ကနေပဲ တင်လိုက်၏။ ပိုစ့်က မတင်ရ မနေနိုင်။ တရက်မတင်ရလျှင် တရက်စာ နစ်နာသည်။ အဓိကက steemit board ကနေ လာလာမန့်သည့် တပတ်တာ၊ တလတာ၊ တနှစ်တာနှင့် အခြား အခြားသော ကိန်းညွှန်းများ အမှတ်တရများ အတွက် တရက်စာလေးကိုတောင် အနာမခံ၊ အပါမခံလိုလှပေ။ ငါနေ့စဉ် ပိုစ့်တင်တယ်ကွ ဆိုပြီး ကိုယ့်ကို ဂုဏ်ယူ၊ စိတ်မြင့်ထားချင်၏။ သို့ပေမယ့်လည်း ကိုရွှေ HF 21 ကြောင့် တရက်တာ ပိုစ့် မတင်လိုက်ရပေ။

ဟိုယခင် HF 20 တုန်းကလည်း ယခုလို တခါ ဖြစ်ဖူးသေး၏။ သို့ပေမယ့် ယခုလောက်တော့ ရက်မကြာပေ။ ယခု HF 21 မှာတော့ ရက် တော်တော်ကြာသွား၏။ အကူးအပြောင်းတခု၊ အပြောင်းအလဲ တခုမှာ ဖြစ်လေ့ ဖြစ်ထ ရှိသည့် error မျိုး ဖြစ်သဖြင့် နားလည်ပေးလို့ ရပါ၏။ အားလုံး မကြာမီ ပြန်အဆင်ပြေသွားလိမ့်မည်ဟု မျှော်လင့်မိ၏။ အဆင်ပြေသွားမှု နှင့်အတူ steem ဈေးလည်း တက်လာလျှင်တော့ အတိုင်းထက် အလွန်ပင်။ သို့ပေမယ့် steem ဈေးတက်ဖို့ကတော့ မဖြစ်နိုင်သေးပေ။ မည်သို့ပင် ဆိုစေ steemit သည် ရပ်တန့် မနေဘဲ ဆက်လက်လျှောက်လှမ်းနေသေးသဖြင့် မျှော်လင့်ချက်တော့ ရှိသေးသည် မဟုတ်လား။ တချိန်ချိန်မှာတော့ ထူးလာပါလိမ့်မည်။

ခုတော့ ယခင်တုန်းကလို steem ဈေးတက်မည့် နေ့ကို စောင့်မျှော်မနေမိတော့ပေ။ သူ့သဘော သူဆောင်ပြီး အချိန်တင်လျှင် တက်လာလိမ့်မည်ဟုသာ နှလုံးသွင်းထား၏။ နေ့စဉ် ပိုစ့်တင် SP စု၊ steem စုနေဖို့သာ ရှိ၏။ တနေ့ တချိန် အတွက် မျှော်မှန်းရင်း ရသလောက် စုနေဖို့သာ ရှိ၏။ ၀ုန်းကနဲ ဒိုင်းကနဲ သို့မဟုတ် နေ့ချင်း ညချင်း မပြောင်းလဲသွားနိုင်ဘူးဟု မည်သူမှ မပြောနိုင်ပေ။ ထို့ကြောင့် ရေးမယ်၊ စုမယ် ဒါပါပဲ။

Don Jaun

MSC 31

Is Okay? | Ecency