ကောင်းစေချင်

Words
173
Reading
1 min
24d
Listen to this post
~1 min

September အစောပိုင်းမှာ 0.04$ ဝန်းကျင်လောက်သာ ဈေးပေါက်နေသည့် Hive အနေနဲ့ လလယ်လောက် အရောက်မှာ 0.05$ ဝန်းကျင်ဈေးသို့ ရောက်လာခဲ့၏။ 0.01$ လောက်လေး တက်တာဆိုပေမဲ့ 0.04$ မှာ ကြာနေခဲ့ပြီ မလား။ နည်းနည်း တက်ပြရင်ကို ကျေးဇူးတင်နေရပြီ။ Hive က အကျ မကြမ်းသလို အတက်လည်း မကြမ်းပေ။ တအိအိ တရွေ့ရွေ့သွားသည့် လိပ်ကလေးနှယ်။

ဒီတပတ်က နိုင်ငံတကာ ပွဲတွေဆိုတော့ ဘောပွဲအကြောင်း ခဏရပ်ပြီး တခြားအကြောင်းအရာ ရေးကြည့်ရမလားပေါ့။ ဘာရေးမလဲ တွေးကြည့်တော့ အကြောင်းအရာက မယ်မယ်ရရ ပေါ်မလာပေ။ ရေးစရာ မရှိ Hive အကြောင်းရေး ဆိုသည့် ဓါတ်ပြားဟောင်းသာ ပြန်ဖွင့် ဖြစ်လေတော့၏။ Hive အကြောင်းဆိုတာထက် Hive ဈေးအကြောင်းဆို ပို၍ မှန်မည် ထင်ပါ၏။ အခြား တော်တောင်အီအီတွေလည်း ထည့်ပြောဦးမှာ ဆိုတော့ ဒီပိုစ့်က အစုံသုပ် ဖြစ်သွားပေလိမ့်မည်။ အရသာစုံသွားတာပေါ့။

ကိုယ်အားပေးနေသည့် United က မစွံသလို ကိုယ်တွေရဲ့ Futsal အသင်း ကလည်း အခြေအနေမကောင်းပေ။ ၇ ပွဲ ကစားပြီး ၁ ပွဲနိုင် ၁ ပွဲ သရေ ၅ ပွဲ ရှုံး ရလဒ် ထွက်ပေါ် ထားခဲ့၏။ ၁၀ သင်းမှာ အဆင့် ၈ နေရာမှာ ရပ်တည်နေ၏။ ပထမကျော့ပြီးဖို့ ၂ ပွဲသာ ကျန်တော့၏။ ဒုကျော့မှာတော့ အမှတ်တွေ ပြန်လည် ရယူနိုင်ဖို့ အထူး လိုအပ်နေခဲ့ပြီ။ တန်းဆင်း စနစ် ထည့်သွင်းထားသည်မို့ အောက်ဆုံး ၂ သင်းက တန်းဆင်း ရမည် ဖြစ်၏။

လက်ရှိ ပြိုင်ပွဲကို SFL League 1 ဟု သတ်မှတ်ရင် တန်းဆင်း တန်းတက် အတွက် League 2 ရှိရပေလိမ့်မည်။ လောလောဆယ်တော့ မရှိသေးပေ။ တန်းဆင်းသွားသည့် အသင်းနှင့် နောက်ထပ် ပါဝင် ယှဉ်ပြိုင်လိုသည့် အသင်းတွေကို play off သဘောလိုမျိုး qualified cup ယှဉ်ပြိုင် ကစားခြင်းမျိုးလည်း လုပ်နိုင်၏။ ဒုကျော့ပြီးမှပဲ တိတိကျကျသိရပေလိမ့်မည်။

ထို့ကြောင့် ဒုကျော့မှာ အမှတ် ရသလောက် ယူထားနိုင်ဖို့ လိုအပ်နေခြင်း ဖြစ်၏။ တန်းမဆင်း ရရေးနှင့် အမှတ် ရသလောက် ပြန်လည် ရယူနိုင်ရေးက ကျနော်တို့ အလေးထား အာရုံစိုက်ရမယ့် အရာ ဖြစ်လေ၏။ အသင်း အခြေအနေကောင်းဖို့ ပြန်လည် ကြိုးစားရင်း Hive ဈေးလည်း ကောင်းလာရင် ကောင်းမယ်ဟု မဆီမဆိုင် တွေးနေမိပါ၏။

ကောင်းစေချင် | Ecency